(Unicode)
စင်္ကြံနံဘေးရှိ စမ်းချောင်းလေးမှာ သစ်ရွက်ခြောက်အချို့က ရေထဲတွင် လွင့်မျောလျက် ....
ရှေးခေတ်မီးပုံးအများအပြားကို တိုင်တွေပေါ်မှာ
ထွန်းထားပြီး လူများ၏မျက်နှာပြင်
အလင်းပြန်ဟပ်စေသည်။ပတ်၀န်းကျင်က တိတ်ဆိတ်နေပြီး လူအဖွဲ့လိုက် စကားစမြည်ပြောရင်း
ကျန့်ရှူးယိ တစ်ယောက်သာ စိတ်မသက်မသာ ဖြစ်နေရင်း ဝင်လာခါစက သူမရဲ့ ဟန်ဆောင်အပြုံးလေးတောင်
ပျောက်ကွယ်လို့ဤအခိုက်အတန့်တွင် သူမက ရှီယန့်နောက်သို့ လိုက်ရင်း တိတ်တဆိတ်လိုက်ကာ ဘာမှဆိုခြင်းမရှိပေ။
အခြားအမျိုးသမီးငယ်လေးတွေက သူမနဲ့ စကားပြောရန် ကြိုးစားခဲ့သော်လည်း သူမဆီက အေးစက်သောမျက်လုံးများဖြင့် တုံ့ပြန်မှုကိုသာ ရရှိခဲ့သည်။ အဆုံးမှာ သူတို့က
ရှီယန်နားသွားပြီး "မင်းသူငယ်ချင်းက စကားအများကြီးပြောတာကို မကြိုက်ဘူးလား"ရှီယန့်က တစ်ချက်ကြည့်လိုက်ပြီး "ဟုတ်တယ်။ သူမက ဘာသိဘာသာလေးနေတတ်လို့ပါ"
ကားပါကင်မှာ လူတိုင်းက တစ်ယောက်နဲ့တစ်ယောက်
နှုတ်ဆက်ကြပြီး ယာဉ်မောင်းက ကားကို ရှီယန်နဲ့
ကျန့်ရှူးယိ ရှေ့သို့ မောင်းနှင်ခဲ့သည်။ လုံခြုံရေးဝန်ထမ်းတစ်ယောက်က ရှေ့တိုးလာပြီး ကျန့်ရှူးယိအတွက်
တံခါးကို ဦးစွာဖွင့်ပေးလိုက်သည်။ကျန့်ရှူးယိ ဝင်လာပြီး ကားထောင့်တစ်နေရာထိ
တိုးကပ်ပြီး ဝင်ထိုင်လိုက်သည်။ ရှီယန့်ဝင်လာတော့
သူ့ဆီက မွှေးရနံ့က ပျံ့ပျံ့လေး ကားထဲမှာ ပြည့်သွားသည်။ ဖြစ်ချင်တော့ သူအသက်ရှူလိုက်တိုင်း
ကျန့်ရှူးယိက မသက်မသာ ခံစားနေရသည်။ကျန့်ရှူးယိ ဆိုတာ လူအစုအဝေးကြီးထဲမှာ အကုန်လုံးနဲ့
အတူ စကားပြောဆို ဟာသလုပ်နိုင်လောက်တဲ့ အထိ မတော်ပေမယ့် သူမ သူငယ်ချင်းများနဲ့တော့ ပျော်ရွှင်စွာ စကားစမြည်ပြောဆိုနိင်တဲ့သူ ဖြစ်ပါတယ်။ဒီနေ့ သူမစာပို့ခဲ့တာက ယွဲ့ရှင်းကျိုး ကို
ဆွလိုက်ရုံသပ်သပ်ပါ။
YOU ARE READING
Only for Love (Translation)
Romanceမာနကြီးပြီးချေတဲ့ Mingyu Bank CEO နဲ့ အရမ်းလှပြီး ချောလွန်းတဲ့ သတင်းထောက် ကျန့်ရှူးယိ... သူတို့နှစ်ယောက်ကြားက အချစ်က ဘယ်လိုပေါ်ပေါက်လာလဲဆိုတာ.... ...