Chapter 4.2: Yue Xingzhou, I Got in the Car Before You :P

4.6K 396 22
                                    

(Zawgyi)

ကျန်းရှူယီ အတွေးပေါင်းစုံဖြစ်နေတဲ့ခနမှာ ချန်ဆန်က ရှစ်ယန်ဘေးနားကိုသွားပြီး တီးတိုးသတင်းပို့လိုက်သည်။ ရှစ်ယန်ရဲ့ မျက်ခုံးတွေပင့်တက်သွားပြီး သူ့ရှေ့က ဇဝေဇဝါ စိတ်ပေါင်းစုံခံစားချက်နဲ့ ရှုယီဆီ အကြည့် အရောက်လာသည်။ ကျန်းရှူယီ မင်တက်ငြိမ်သက်နေပြီး ရှစ်ယန်ကို စိုက်ကြည့်လို့

ခနကြာတော့ ရှစ်ယန်ကမျက်စိအရင်လွှဲပြီး ဓါတ်လှေကားဆီလျှောက်သွားသည်။

ကျန်းရှူယီ ရပ်နေဆဲအတွေးနှစ်ခုနဲ့

- အခုကနေ တိတ်တိတ်လေးငြိမ်ငြိမ်လေးနဲ့ ဘာမှမဖြစ်သလို ထွက်သွားမယ်။ အခုကနေစပြီး ကျန်းရှူယီဆိုတာ ရှစ်ယန်ဘဝကနေ ပျောက်ကွယ်သွားမယ်။

-မူလတန်းတုန်းကဆရာတစ်ယောက်ပြောသလိုပေါ့ အခွင့်အရေးဆိုတာ လက်မလွတ်သင့်ဘူး။ သူမအနေနဲ့ အင်တာဗျူးဆက်လုပ်ပြီး အန်တီဖြစ်ဖို့ ကြိုးစားနိုင်သေးတယ်။ (မလွယ်ဘူးနော် :P )

သူမကိုယ်ခနက ဉီးနှောက်ထက်အရင်အရှေ့ရောက်သွားတယ်။

ကျန်းရှူယီ ချက်ချင်းပဲသူ့ဆီ ပြုံးပြလိုက်တယ်။ သူမဆီမှာရှည်လျားထူထဲတဲ့ဆံနွယ်တွေက တစ်ဖက်ကနားရွက်နောက် ပို့ထားပေမယ့် တစ်ဖက်က သူမပါးပေါ်ကနေ ဝေ့ဝိုက်ကျနေတာ ကပိုကရို...

အပြုံးလေးနဲ့ရောတော့ တိတ်ဆိတ်နေတဲ့ ရုံးခန်းထဲ အသက်ဝင်သွားသလို ...

ဒါပေမဲ့ ရှစ်ယန်က သူမကိုလှည့်မကြည့်တော့ဘဲ ဘေးကနေ ဖြတ်သွားပေတော့သည်။

"..."

သူမ အပြုံးမပျောက်စေရန် ကြိုးစားထားပြီး ကိုယ့်ကိုယ်ကိုယ်အားပေးရင်း " Mr.Shi  ဒီနေ့နေလည်မှာ ကျွန်မနဲ့ အင်တာဗျူးရှိတယ်နော် "

Only for Love (Translation)Tempat cerita menjadi hidup. Temukan sekarang