(Unicode)
ရှီယန့်ကို WeChat မှ ဖယ်ခြင်းဟာ ကျန့်ရှူးယိ
ငိုပြီးသည့်နောက် ဆုံးဖြတ်ခဲ့သည့် နာကျင်စရာ
ဆုံးဖြတ်ချက်တစ်ခုပင်ဖြစ်သည်။ဤကိစ္စတွင် ရှီယန့်က လျင်လျင်မြန်မြန် အဆက်အသွယ် ဖြတ်တောက်ပေမယ့် သူမက မလုပ်နိုင်သေးပေ။
ဘာပဲဖြစ်ဖြစ် ရှီယန့်က သူမကို မုန်းတီးနေပြီ။ သူ့ရဲ့
ပင်ကိုယ်စရိုက်ကြောင့် သူမတို့ အရင်လို အခြေအနေ ပြန်မရောက်တော့မှာ သေချာပါတယ်။မျှော်လင့်ချက်မရှိဘဲ သူ့ contact ကိုဖုန်းထဲထည့်ထားတာက သူမအတွက် မည်သည့်ကောင်းကျိုးမှ ပြုမှာမဟုတ်။
ပြီးတော့ သူကလည်း သူမကို အဆက်အသွယ်မလုပ်တော့တဲ့အတွက် သူ့ friend's list ထဲကနေ ပျောက်သွားမလားဆိုတာတောင် သူသိမှာမဟုတ်သလို ဂရုစိုက်မယ့်
သူလည်းမဟုတ်ပါ။ကျန့်ရှူးယိ သူ၏ WeChat ကို ဖျက်လိုက်ပြီးနောက်၊ သူမ၏ နှလုံးသားထဲတွင် ဘာမှမကျန်တော့ဘဲ
အလွတ်ဖြစ်သွားတာက လွဲ၍ သူမ.. ပိုပြီး
ပေါ့ပါးလာသည်။နောက်ရက်အနည်းငယ်အတွင်းမှာ သူမမှာ
အပြီးဖြတ်ရမယ့် အလုပ်တွေ အများကြီး
ကျန်နေပါသေးတယ်။ ဒါကြောင့် သူမကိုသူမ
အလုပ်ထဲမှာ လုံးလုံးလျားလျား မြှုပ်နှံပြီးတဲ့
နောက်မှာတော့ လုပ်ရည်ကိုင်ရည်တွေ တဟုန်ထိုး တက်လာပြီး လုပ်ဖော်ကိုင်ဖက်တွေရဲ့ အမြင်မှာလည်း workaholic တစ်ယောက်ဖြစ်လာခဲ့ပါတယ်။တစ်မနက်မှာတော့ ခွန်နန်က အိမ်အပေါ်ထပ်အခန်းတွင် ဆောက်လုပ်ရေးဝင်ပြီး ဆူညံသံကြောင့် အိပ်မပျော်နိုင်ဘဲ ကုမ္ပဏီသို့ သူဌေးမလာသေးခင် ခဏလောက်အိပ်ဖို့
နာရီဝက်ကြိုပြီး စောရောက်လာသည်။ဒါပေမဲ့ အံ့သြစရာကောင်းတာက ကျန့်ရှူးယိ ဟာ သူမ
ထက်တောင်စောပြီး ရောက်နေသလို ကွန်ပျူတာရှေ့ထိုင်ပြီး အလုပ်လုပ်နေပြီ ။ ခွန်နင်မှာ အပြစ်ရှိသလိုခံစားလိုက်ရပြီး လက်ထဲက ဖုန်းကို အသာအယာချလိုက်ရသည်။အလုပ်စတတ်သောအခါ ခွန်နင်တစ်ယောက်မနေနိုင်တော့ဘဲ ကျန့်ရှူးယိ ဘေးရှိ ကုလားထိုင်တွင် ထိုင်ကာ...။
KAMU SEDANG MEMBACA
Only for Love (Translation)
Romansaမာနကြီးပြီးချေတဲ့ Mingyu Bank CEO နဲ့ အရမ်းလှပြီး ချောလွန်းတဲ့ သတင်းထောက် ကျန့်ရှူးယိ... သူတို့နှစ်ယောက်ကြားက အချစ်က ဘယ်လိုပေါ်ပေါက်လာလဲဆိုတာ.... ...