(Unicode)
ပိရော့ရှန်း ဆီက အဖြေရပြီးနောက် ရှီယန့်ဆီက ရုတ်တရက် နောက်ထပ်message တစ်ခုရောက်လာသည်။
ရှီယန့် : မီးဖိုချောင်မှာ မနက်စာ ရှိတယ်။
နွေးစားလို့ရတယ်။ကျန့်ရှူးယိ သူနှင့် chatbox ကိုကြည့်ကာ မရယ်ဘဲ
မနေနိုင်တော့ပေ။ခဏကြာတော့ သူမထပြီး မီးဖိုခန်းထဲ
လျှောက်သွားသည်။မနက်စာစားပြီးနောက် ကျန့်ရှူးယိ အခန်းထဲပြန်ဝင်သွားတော့ လွန်ခဲ့သည့် မိနစ်အနည်းငယ်က ပိရော့ရှန်း ပို့ထားသော message ကို တွေ့လိုက်ရသည်။
ပိရော့ရှန်း - option B က ယုတ္တိမရှိဘူးလို့ ထင်ရပေမယ့်လည်း ရှီယန့်လို အသက်နှစ်ဆယ်ကျော် အမျိုးသားက ရည်းစားနဲ့ တစ်အိပ်ယာတည်း အတူအိပ်ပေမယ့် သူတော်စင်လို ပြုမူနေတာက ပိုလို့တောင် ယုတ္တိမရှိနော်။
ပိရော့ရှန်း: ဟားဟားဟားဟား
"ဟားဟား" ဇာတ်လမ်းတွဲကို ကြည့်လိုက်ရင်း ကျန့်ရှူးယိ က အေးစက်စက်မျက်နှာနှင့် စာရိုက်လိုက်သည်...
- ရယ်စရာလား။
ပိရော့ရှန်း - မဟုတ်ဘူး၊ ငါကနင့်ကိုဂရုစိုက်တာပါ
ဟားဟား။နွေဦးသည် ကမ္ဘာမြေသို့ ပြန်ရောက်သောအခါ မိုးမခဖူးပွင့်သစ်များက ဦးစွာ သိရှိကြသည်။
ကျန့်ရှူးယိ ... ပြတင်းပေါက်ကိုဖွင့်ကာ လသာဆောင်
တွင်ထိုင်၊ နေရောင်ခြည်အောက်တွင်နေရင်း နွေဦးရဲ့
နွေးထွေးမှုကို ခံစားဖို့ မျက်လုံးကိုမှိတ်ထားလိုက်တယ်။ပိရော့ရှန်း က သူမကို နောက်ပြောင်ခဲ့တာပါပဲ။
ဒါပေမဲ့ တွေးကြည့်ပြီးနောက် သူမရုတ်တရက်
ခံစားလိုက်ရတာက/
ဘယ်လို ! သူမ! ပြောတာ! မှန်တယ်! အရမ်း! မှန်တယ်!ပိရော့ရှန်း ကြောင့် ကျန့်ရှူးယိ... တစ်မနက်လုံး
စိတ်ပျံ့လွင်သွားသည်။နေ့လည်စာစားပြီးနောက် သူမသည် တီဗီကြည့်နေသော်လည်း ရှီယန့်က အဲ့ဒီလောက် အဖြစ်ရှိတာလား/မရှိတာလား မေးခွန်းထုတ်နေဆဲဖြစ်သည်။
DU LIEST GERADE
Only for Love (Translation)
Romantikမာနကြီးပြီးချေတဲ့ Mingyu Bank CEO နဲ့ အရမ်းလှပြီး ချောလွန်းတဲ့ သတင်းထောက် ကျန့်ရှူးယိ... သူတို့နှစ်ယောက်ကြားက အချစ်က ဘယ်လိုပေါ်ပေါက်လာလဲဆိုတာ.... ...