Chapter 49: What's The Hurry, I'll Look At You First

4.9K 334 55
                                    

(Unicode)

"ရှင့်အကြောင်း စဉ်းစားနေတာ"လို့  ရှီယန့်ဆီ ကို
voice message ပို့ လိုက်တဲ့အခါ ကျန့်ရှူးယိ ကွဲကြေသွားတဲ့ ပန်းအိုးလေးလို ခံစားလိုက်ရတယ်။

ဘာပဲဖြစ်ဖြစ်၊ သူတို့နှစ်ယောက်ရဲ့  chat history  screenshots တွေ တရစပ် အပို့ခံရပြီးနောက်မှာ သူမဟာ သိပ်ပြီး ဟန်ဆောင်ရုန်းကန်စရာ မလိုတော့ဘူးလို့
ခံစားရတယ်။

ပြီးတော့...

သူမအခုပြောလိုက်တာကလည်း ရည်ရွယ်ချက်ရှိရှိ
သရုပ်ဆောင်နေတာမျိုးမဟုတ်ဘဲ   အမှန်တွေလို့ ခံစားရတယ်။

သူမ သူ့အကြောင်းကို  တွေးနေခဲ့တာ...။

သို့သော် ရှီယန့်က  သူမဆီကို  အချိန်အတော်ကြာထိတိုင် reply မပြန်ခဲ့ ။

သူမ အမှန်အတိုင်းပြောနေတာတောင်မှ  ရှီယန့်က အဆင်မပြေသေးသလိုပဲ ။

သက်ပြင်းချလိုက်သည်။

ကျန့်ရှူးယိ သည် ဆိုဖာပေါ်တွင် လှဲလျောင်းနေပြီး
ဘာလုပ်ရမှန်းမသိဘဲ သက်ပြင်းတစ်ချက်ချလိုက်သည်။

တစ်ချိန်လုံး reply စောင့်နေပြီး အကြောင်းပြန်မလာသဖြင့်  ချင်ရှီယွဲ့က .... ကျန့်ရှူးယိ ကို ထပ်မေးလာပြန်သည်။

ချင်ရှီယွဲ့: ကျဲ.. မေးပြီးပြီလား?

ချင်ရှီယွဲ့: မနက်ဖြန်  အချိန်အားရှိလားလို့ မေးပေးပါ။

ကျန့်ရှူးယိ အခုမှ  ချင်ရှီယွဲ့ မေးခိုင်းထားသည့်အကြောင်းကို မေ့သွားပြီဖြစ်ကြောင်း သတိရမိသည်။

ကျန့်ရှူးယိ: အိုခေ၊ မေးလိုက်ဉီးမယ်။

ကျန့်ရှူးယိ: ခဏလေး၊ ငါက သူ့ကိုဘာအတွက်ဆိုပြီး ခေါ်ထုတ်ရမှာလဲ။

ချင်ရှီယွဲ့: ပန်းချီပြပွဲ သွားဖို့အတွက်။

ချင်ရှီယွဲ့: သူငယ်ချင်းတစ်ယောက်ကို လက်မှတ်သုံးစောင်ယူခိုင်းလိုက်မယ်။

ချင်ရှီယွဲ့ ကောလိပ်မှာ Art Appreciation  major အဓိက သင်ယူခဲ့ပါတယ်။အတန်းထဲတွင် စာလေ့လာဖို့ အာရုံစူးစိုက်မှု လုံးဝမရှိသလောက်ဖြစ်ခဲ့ပြီး  ဘွဲ့ရဖို့ မနည်းကြိုးစားခဲ့ရသော်လည်း ယွိယုံ ကဲ့သို့ ပြီးပြည့်စုံသောသူတစ်ယောက်က  သူမကို အထင်ကြီးစေရန်အတွက်
လိုအပ်သည်များကို ဆောင်ရွက်ရပေမည်။

Only for Love (Translation)Donde viven las historias. Descúbrelo ahora