Chapter 22.1: Only Visible to: Shi Yan

3.9K 336 24
                                    


(Unicode)

ဘယ်သူကမှ သူမပြောခဲ့တာကို မေးခွန်းထုတ်စရာ
မရှိပါဘူး။

"Finance Weekly" တွင် သူမစတင်လုပ်ကိုင်ကတည်းက သူမ၏လုပ်ဖော်ကိုင်ဖက်အများစု ဟာ  အလုပ်အပြင်  အချို့သော CEO များနှင့် ငွေကြေးကုမ္ပဏီမှ
အမှုဆောင်အရာရှိများက ကျန့်ရှူးယိ ကို  လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ကြ/ ပြောဆိုကြတာကိုတွေ့ဖူးသူတွေချည်းပင်။

တစ်ခါကဆို လူတစ်ယောက်က ကုမ္ပဏီကို နှင်းဆီ
တစ်ပွင့် ...  နှစ်လဆက်တိုက် သူမ အတွက် နေ့တိုင်း ပို့ပေးနေတာမျိူး။

သူမ လမ်းခွဲလိုက်တဲ့ သတင်းတွေ ပြန့်နှံ့သွားပြီးနောက် ကုမ္ပဏီထဲက လုပ်ဖော်ကိုင်ဖက် အမျိုးသားအချို့လည်း သူမချစ်သူဖြစ်ဖို့  အခွင့်အရေးကို စောင့်ဆိုင်းနေပုံပါပဲ။

ရွှီယွီလင် ကိုယ်တိုင်လည်း အရာအားလုံးကို
အရင်ကတည်းက  မျက်မြင်တွေ့ခဲ့ဖူးသောကြောင့် 
ကျန့်ရှူးယိ ကို ဘာမှပြန်မပြောနိုင်ပေ။

အနီးနားတွင် လူလေးငါးယောက်ရှိကြပြီး အားလုံးက
ရွှီယွီလင်နဲ့  မျက်လုံးချင်းမဆုံအောင် ရှောင်ရန် ကြိုးစားနေကြပြီး  အားလုံးက နားထောင်နေကြသော်လည်း နှစ်ယောက်ကို တားရန် ဘယ်သူမှ ထွက်လာခြင်းမရှိ။

လေထုက  အလွန်အေးစက်နေပြီး  ရွှီယွီလင်အတွက် လေထုပင် ရှက်စရာဟု ထင်ရသည်။

ချင်ရှီယွဲ့က  သူမလက်ထဲတွင် ချောကလက်တစ်ပိုင်းကို ကိုင်ထားပြီး ရွှီယွီလင်ကို အပြုံးဖျော့ဖျော့ ဖြင့် ကြည့်ကာ " စိတ်တွေလျော့ဖို့  အချိုလေးနည်းနည်း စားလိုက်ပါလား? ဒီချောကလက်လေးက တကယ်ကို ချိုပါတယ်။"

ရွှီယွီလင်ရဲ့  အေးစက်နေတဲ့ မျက်လုံးများက ချက်ချင်း
ပင် သူမဆီသို့ လှည့်လာသည်။ သူမ၏ ရှည်လျားသော မျက်တောင်များအောက်တွင် တစ်ဖက်လူကို သေစေလောက်အောင်  မျက်လုံးများဖြင့် စိုက်ကြည့်ရင်း ... ရုတ်တရက် တန်ရိ  ရုံးခန်းထဲက ထွက်လာပြီး သူမကို လှမ်းကြည့်တယ်။

ရွှီယွီလင် အနှောက်အယှက်ခံခဲ့ရသော သူမသည်လည်း ဒေါသဖြစ်ခဲ့သည်။ သူမက ကျယ်လောင်စွာဖြင့် 
"မင်းတို့အားလုံး ဘာလုပ်နေကြတာလဲ ။
အစည်းအဝေးစတော့မယ်။"

Only for Love (Translation)Tempat cerita menjadi hidup. Temukan sekarang