အပိုင်း၃

379 67 5
                                    

格格不入(GeGeBuRu)

စာရေးသူ : ၀ူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၃

ယိ အာ့ စန်း စစ် ဖောများ ရှိလာသည့် အချိန်မှစ၍ ၊ ချိန်ပေါ်ယန်၏ နှိုးစက်မှာ အနားယူသွားခဲ့သည်။

မနက်ဆိုလျှင် ဖောဖောတို့၏ စိတ်နှလုံး မချမ်းမြေ့ဖွယ် နံနက်ခင်း အော်ဟစ်သံများကြောင့် မျက်လုံးပွင့်လာခဲ့ရသည်။သူ ခါးပျင်း​ကျောဆန့်၍ ကုတင်ပေါ်မှ ဆင်းကာ ၊ ပြတင်းပေါက်ဘေးနား လျှောက်လာခဲ့လိုက်ပြီး ၊ ပြတင်းပေါက် လိုက်ကာကို ဆွဲဖွင့်လိုက်သည်။လက်ချောင်းဖြင့် ပစ်စတိုပုံစံ လုပ်လိုက်ကာ မျက်နှာချင်းဆိုင်ရှိ လေသာဆောင်ဆီ ဒိုင်းဒိုင်းဒိုင်းဒိုင်းဟူ၍ လေးချက်ပစ်လိုက်သည်။ပြီးနောက်တွင်တော့ ကိုယ်ကိုပြန်လှည့်၍ မျက်နှာသွားသစ်လိုက်သည်။

သွားတိုက်နေသည့် အချိန်၌ ၊ အမေ့ဖုန်းက ၀င်လာခဲ့ရာ ၊ ချိန်ပေါ်ယန်မှာ ဖုန်းကို ပြန်ဖြေလိုက်ပြီး ၊ စပီကာ ဖွင့်လိုက်သည်။

"ထပြီလား?"

အမေက မေးလာသည်။

"အင်း ၊ သွားတိုက်နေတာ"

ချိန်ပေါ်ယန်မှာ သွားတိုက်ဆေးအမြှုပ်များ ငုံထားရင်း ပြောလိုက်သည်။

"လေ၀င်အောင် ပြတင်းပေါက် ဖွင့်လိုက်ဦး ၊ တစ်ညလုံး လေလုံထားတာ"

အမေက သူ့ကို ခိုင်းလာသည်။

"ဒီနေ့ လေထု အညွှန်းကိန်းက ကောင်းတယ်"

"သြော"

ချိန်ပေါ်ယန်မှာ အပြင်ဘက်ဆီ ကြည့်လိုက်မိသည်။ဒီနေ့တော့ တိမ်တော်တော် ထူသည်ပင်။နှင်းတွေက ကျနေသေးတုန်းဖြစ်ရာ ၊ အေးလှသည်။သို့သော်လည်း အမေခိုင်းသည့်အတိုင်း ပြတင်းပေါက်ကို ဖွင့်လိုက်သည်။

ဒီဘက်က ပြတင်းပေါက်မှာ ၊ အိပ်ခန်းဘက်ရှိ ပြတင်းပေါက်နှင့် တစ်တန်းတည်း ဖြစ်နေတာကြောင့် ၊ ယိ အာ့ စန်း စစ် ဖောတို့၏ အော်ဟစ်နေသံများမှာ ချက်ချင်းပင် ကျယ်လောင်လာခဲ့သည်။

"မင်း ပဲနို့လုပ်နေတာလား?"

အမေက ကြောင်အသွားခဲ့ပြီး

မတူညီမအပ်စပ်သောWhere stories live. Discover now