အပိုင်း၉

329 69 8
                                    

格格不入(GeGeBuRu)

စာရေးသူ : ၀ူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၉

ရှန့်ရှီးမှာ အာ့ဖန်၏ ကားပေါ်မှ ဆွဲချခြင်းကို ခံလိုက်ရပြီး ၊ မြေပြင်ပေါ် လှိမ့်ကျသွားခဲ့သည့် အချိန်၌ ၊ အရပ်လေးမျက်နှာ စလုံး အရမ်းကို တိတ်ဆိတ်နေသည်။မြောက်လေတိုက်ခတ်သံနှင့် ၊ လီဟွေ့၏ လည်ချောင်းထဲ ဖိနှိပ်ထားသည့် င်ိုရှိုက်သံတိုးတိုးကိုသာ ကြားနေရသည်။

သူ ခေါင်းကိုမော့၍ ၊ မင်းင်ိုချင်လည်း ငိုချလိုက်လေ ၊ ဒီအသံကို နားထောင်ရတာ သရဲခြောက်ခံရလို့ ကြောက်လန့်နေတာကျနေတာပဲဟု ပြောလိုက်ချင်မိသည်။သို့သော်လည်း သူ ပါးစပ်ဟဖို့ အခွင့်အရေး မရလိုက်ပေ။ခေါင်းမော့လိုက်သည့် အချိန်မှာပင် ၊ အာ့ဖန်က ခြေထောက်ဖြင့် သူ့ခေါင်းကို လှမ်းကန်လိုက်ပြီ ဖြစ်သည်။

မြေပြင်ပေါ်ရှိ နှင်းများက အရမ်းကို ပါးလွှာလှသည်။သူ့နဖူးက နှင်းများအောက်ဘက်ရှိ ကျောက်ခဲနှင့် ဆောင့်မိသွားသည့် အသံကိုပင် သူ ကြားလိုက်ရသည်။

သူ ကိုယ့်ခေါင်းကိုယ် ဖက်ထားလိုက်သည်။ဤသည်မှာ ကိုယ့်ကိုကိုယ် ကာကွယ်သည့် တစ်ခုတည်းသော လှုပ်ရှားမှုပင်။

အာ့ဖန်နှင့် ဖျင်ရှူးက သူ့က်ို ဘယ်လိုရှင်းပစ်ဖို့ စီစဥ်ထားကြလဲ သူ မသိပေ။သူ့က်ို သေအောင်ရိုက်မှာလား?လူသတ်သည့် ကိစ္စမျိုးကိုတော့ ဖျင်ရှူးက မလုပ်ရဲပေ။သို့သော်လည်း အာ့ဖန်ကတော့ မသေချာချေ။

ရှန့်ရှီး။

ဤသည်မှာ သူ၏ နာမည်ပင်။ဆယ်စုနှစ် တစ်ခုလောက်ကြာအောင် သုံးလာသည့်.......နှစ်နှစ်ဆယ်လောက် ဖြစ်နိုင်လား?ဒါမှမဟုတ် ပိုပြီးကြာတာလား?

အာ့ဖန်က ခြေထောက်က်ိုမြှောက်၍ သူ့ဗိုက်ပေါ် တစ်ချက် ကန်လာသည်။သူ ကျောကို ကွေးလိုက်ရာ ၊ မျက်နှာက နှင်းတွေထဲ နစ်သွားခဲ့သည်။အသက်သိပ်ရှူလို့ မရတော့ပေ။

သူ့ အသက်ဘယ်လောက် ရှိပြီလဲ။သေချာမသိပေ။သူ့မွေးနေ့ကို ရေးထားသည့် ထိုစာရွက်ကို မတွေ့တော့ဘူးဟု ဖျင်ရှုးက ပြောသည်။သူ့မှာ မွေးနေ့မရှိပေ။18နှစ် ဆိုသည်မှာ ၊ ဖျင်ရှူးက ပါးစပ်ထဲရှိရာ ပြောသည့်အတိုင်း ၊ တကယ်လား လိမ်နေတာလား မသိသည့် နေ့ရက်ဖြင့် အသက်က်ို တွက်ချက်ထားခြင်းဖြစ်သည်။နည်းနည်း ငယ်နေတာလည်း ဖြစ်နိုင်သလို ၊ နည်းနည်း ကြီးတာလည်း ဖြစ်နိုင်သည်ပင်။

မတူညီမအပ်စပ်သောWhere stories live. Discover now