အပိုင်း၁၅

326 51 8
                                    

格格不入(GeGeBuRu)

စာရေးသူ : ၀ူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၁၅

ဒီနေ့ ဟော်တယ်တွင် လူတော်တော်များလှသည်။စားပွဲထိုးလေးများ၏ နှုတ်ဆက်သံများမှာ တစ်ယောက်ထက် တစ်ယောက်က ပိုကျယ်နေကြကာ ၊ ဓားသမားကြီး ၊ မိန်းမပျို ဓားသမား ၊ သူရဲကောင်းဆိုပြီး တရစပ် အော်ဟစ်နေကြသည်။ဓားသမားဇာတ်လမ်း၏ ရုပ်ရှင်နောက်ခံသီချင်းကိုပါ ထပ်ပေါင်းထည့်လိုက်ရာ ၊ တော်တော်လေး အငွေ့အသက် ရှိလှသည်။

ချိန်ပေါ်ယန်က သိပ်အများကြီး မစားပေ။ဖျားပြီး နောက်ပိုင်း ၊ ရက်အတော်ကြာသည်အထိ စိတ်အခြေအနေ သိပ်မကောင်းချေ။လည်ချောင်းက ရှောရှောရှူရှူ မရှိသည့်အပြင် ၊ နေ့တိုင်း မိုးလင်းကနေ မိုးချုပ်သည်အထိ စကားကို မရပ်မနား ပြောနေရသေးသည်။လင်ဟယ့်နှင့် စုန့်ယိတို့က အတော်လေး ပူးပေါင်းပေးလို့ တော်သေးသည်ပင်။ချိန်ပေါ်ယန်မှာ ကျောင်းတက်စဥ်ကတည်းက ထမင်း စားပွဲအပေါ် စိတ်မ၀င်စားမှန်း သိနေကြတာကြောင့် ၊ ဒီနေ့ သူတို့နှစ်ယောက်ကလည်း အရက်မသောက်ခိုင်းပေ။အဓိက ရည်ရွယ်ချက်မှာ ထမင်းစားရန်ဖြစ်ပြီး ၊ ခဏလောက် ရောက်တတ်ရာရာ စကားပြောနေကြကာ ၊ ရှစ်နာရီထိုးခါနီး အချိန်တွင် စားလို့ ပြီးသလောက် ဖြစ်သွားပြီပင်။

ဘေလ်ရှင်းသည့် အချိန်တွင် ချိန်ပေါ်ယန်မှာ မီးဖိုခန်းဘက်ကို တစ်ချက် လှမ်းကြည့်လိုက်မိသည်။ထမင်းစားနေသည့် ဒီအချိန်အတွင်းတွင် ၊ ရှန့်ရှီးမှာ ၀င်လိုက် ထွက်လိုက်ဖြင့် အကြိမ်ရေ တော်တော်များလှသည်။သန့်စင်ခန်း သန့်ရှင်းရေးလုပ် ၊ စားပွဲသုတ် ၊ ပန်းကန်တွေ တူတွေ သိမ်းဖြင့် ရှိနေသည်။

ရှန့်ရှီး၏ ခြေထောက်မှာ ပုံမှန်အတိုင်း လှုပ်ရှားလို့ ရနေပြီပင်။သို့သော်လည်း အခု သူ အလုပ်လုပ်နေရသည့် ပုံစံမှာ ၊ ပြေးလိုက်လွှားလိုက်ဖြင့် ရှိနေပြီး ၊ နာရီအတော်ကြာသည်အထိ အနားမယူရပေ။​တစ်ချိန်လုံး ဒီလိုမျိုး လုပ်နေရလျှင် ခြေထောက်က သေချာပေါက် မရပေ။

ဘေလ်ရှင်းပြီး၍ ဟော်တယ်မှ ထွက်လာခဲ့ကြသည်အထိ ၊ ရှန့်ရှီးကို ချိန်ပေါ်ယန် မတွေ့ရ​ပေ။လင်ဟယ့်က ကားကို မောင်းယူလာရာ ၊ ချိန်ပေါ်ယန်က စဥ်းစားလိုက်ပြီး :

မတူညီမအပ်စပ်သောWhere stories live. Discover now