အပိုင်း၃၆

225 41 5
                                    

格格不入(GeGeBuRu)

စာရေးသူ : ဝူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၃၆


ဂျာနယ်လစ်?

ချိန်ပေါ်ယန်မှာ မျက်မှောင်ကြုတ်လိုက်မိသည်။ရှန့်ရှီးက ဂျာနယ်လစ်နဲ့တောင် အတူတူ ရှိနေတယ်?

သူ စုန့်ယိကို အသေးစိတ် မမေးရသေးမီမှာပင် ၊ ဖုန်းခေါ်ဆိုမှု ၀င်လာကြောင်း ဖုန်းက အချက်ပြလာသည်။သူ တစ်ချက်ကြည့်လိုက်ရာ ၊ ဆေးရုံက ဖြစ်နေ၍ ၊ စုန့်ယိ၏ ဖုန်းကို အမြန် ချလိုက်သည်။

အရေးပေါ်ဌာနဘက်တွင် ကားမတော်တဆမှုဖြစ်သည့် လူနာအချို့ ရောက်လာသည်။လူနှစ်ယောက်က ခြေထောက်ဒဏ်ရာ ရထားတာ တော်တော်လေး ပြင်းထန်နေရာ ၊ အရေးပေါ်ဌာနက ဆရာ၀န်တွေ အလုပ်မနိုင်တော့ပေ။ချိန်ပေါ်ယန်မှာ ရှန့်ရှီး၏ ကိစ္စကို ထပ်မစဥ်းစားအားတော့ချေ။ရုံးခန်းမှ ပြေးထွက်လာခဲ့လိုက်သည်။

အရေးပေါ်ဌာန ဟောခန်းဆီ မရောက်သေးမီမှာပင် ၊ ငိုရင်း အော်ဟစ်နေကြသည့် ရှုပ်ရှပ်ခတ်နေသော အသံများကို ကြားလိုက်ရသည်။

ခေါင်းတွင် ပတ်တီးစည်းထားကြသည့် လူအချို့က ထိုင်ခုံပေါ်တွင် ထိုင်နေကြကာ ၊ အရေးပေါ် ကယ်ဆယ်ရေး အခန်းထဲတွင်လည်း နာလွန်း၍ အော်ဟစ်နေတာကြောင့် လည်ချောင်းပင် ကွဲအက်နေလေပြီ။မှန်ပင် တောင့်မခံနိုင်တော့ပဲ တုန်ခါ၍ ကွဲအက်လာတော့မည်ဟု ချိန်ပေါ်ယန် ထင်လိုက်မိသည်။

"ရှောင်ချိန် ! ဒီခြေထောက်ဒဏ်ရာ ရထားတဲ့လူက ချက်ချင်း ခွဲစိတ်ရမယ်"

လူတစ်ယောက်က ချိန်ပေါ်ယန်ကို တစ်ခွန်းအော်ပြောလာသည်။

ချိန်ပေါ်ယန်မှာ ဒဏ်ရာရထားသည့်လူကို ကြည့်လိုက်မိသည်။သတ်လတ်ပိုင်း အမျိုးသမီး တစ်ယောက်ပင်။တစ်ကိုယ်လုံး သွေးတွေစိုရွှဲနေပြီး ၊ ဘယ်ဘက်ခြေထောက်အောက်ပိုင်းက ပန်းပွင့်နေသလိုမျိုး ၊ ကျိုးထားသည့် အရိုးတွေက အရေပြားကို ဖောက်ထွက်နေသည်အား မြင်လိုက်ရသည်။

သူ ခေါင်းငုံ့၍ ဒဏ်ရာအခြေအနေကို စစ်ဆေးသည့် အချိန်တွင် ၊ အမျိုးသမီးက တုန်ယင်နေသည့် အသံဖြင့် တစ်ခွန်းမေးလာသည်။ :

မတူညီမအပ်စပ်သောWhere stories live. Discover now