အပိုင်း၃၈

397 40 1
                                    

格格不入(GeGeBuRu)

စာရေးသူ : ဝူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၃၈

ချိန်ပေါ်ယန် ဖန်းယင်ကို ဖုန်းဆက်သည့် အချိန်က ၊ ဒီအတိုင်း စကားပြောပြီး ဖန်းယင်၏ စိတ်ကူးကို နားထောင်ကြည့်ကာ ၊ ဖန်းယင်၏ စကားကနေတစ်ဆင့်ရှန့်ရှီးက ဒီကိစ္စအပေါ် ဘယ်လိုမြင်သလဲဆိုတာ သိချင်ရုံပင်။

သို့ဖြစ်ရာ ဖန်းယင်က မျက်နှာချင်းဆိုင်တွေ့ပြီး စကားပြောချင်သည်ဟု ပြောလာသည့် အချိန်၌ ၊ သူ နည်းနည်း တုံ့ဆိုင်းသွားမိသည်။

ရှန့်ရှီးက ဒီကိစ္စကို သူ့အား မသိစေချင်ပေ။သူကလည်း တိုက်ရိုက်ကြီး ၀င်ရောက်စွက်ဖက်ဖို့ မတွေးထားချေ။ကိုယ်တတ်နိုင်သည့် အကန့်အသတ်ထဲကနေ ရှန့်ရှီးကို ကာကွယ်ချင်ရုံသာ။အကယ်၍ သူ ဖန်းယင်နှင့် တွေ့တာ ရှန့်ရှီး သိသွားခဲ့လျှင် ၊ ရှန့်ရှီး တော်တော်လေး ထိတ်လန့်သွားမှာပင်။

"ခင်ဗျား ကျွန်တော့်အပေါ် တစ်မျိုးမြင်နေတာ ကျွန်တော် သိပါတယ်"

ဖန်းယင်က ပြောလိုက်သည်။

"ဒါကြောင့်မို့လို့ တစ်ချို့ကိစ္စတွေက ၊ မျက်နှာချင်းဆိုင် ဆွေးနွေးမှ ပိုပြောလ်ို့ကောင်းတာ"

"ကျွန်တော် ခင်ဗျားကို တစ်မျိုးမမြင်ပါဘူး"

ချိန်ပေါ်ယန်က ဖန်းယင်၏ စကားက်ို ပြင်ပေးလိုက်သည်။

"ကျွန်တော်က ခင်ဗျားလုပ်တဲ့ အလုပ်အပေါ် တစ်မျိုး မြင်နေရုံပါပဲ ၊ ကိုယ်ရပ်တည်တဲ့ဘက် မတူတာကြောင့်ပေါ့"

"ကျွန်တော် အရမ်း နားထောင်ကြည့်ချင်ပါတယ်"

ဖန်းယင်က အရမ်းက်ို ရိုးသားစွာဖြင့် ပြောလိုက်သည်။

"ကျွန်တော် မတူညီတဲ့ စကားသံတွေကို ကြားရဖို့ မျှော်လင့်ပါတယ်"

"ကျွန်တော့်ရဲ့ ဒီစကားသံကတော့ သိပ်ပြီး နား၀င်မချိုလောက်ဘူး"

ချိန်ပေါ်ယန်က ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး ၊ ဒေါက်တာချိန်"

ဖန်းယင်က ပြောလိုက်သည်။

"ကျွန်တော် အခုထိ အပြင်မှာပဲ ရှိသေးတယ် ၊ ခင်ဗျား နေရာတစ်နေရာ ပြောလိုက်လေ ၊ ကျွန်တော်တို့ တစ်ခေါက်လောက် တွေ့ပြီး ဆွေးနွေးကြည့်ရအောင် ၊ ရှောင်ကျန်ရဲ့ ဒီဓာတ်ပုံတွေက ကျွန်တော့်အတွက်လည်း အရမ်း အရေးကြီးပါတယ်"

မတူညီမအပ်စပ်သောWhere stories live. Discover now