အပိုင်း၃၂

207 32 1
                                    

格格不入(GeGeBuRu)

စာရေးသူ : ဝူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၃၂


စုန့်ယိ သန့်စင်ခန်းတံခါးကို တွန်းဖွင့်၍ ၀င်လာသည့်အချိန်၌ ၊ ချိန်ပေါ်ယန်မှာ လက်ဆေးကန်အရှေ့တွင် ရပ်၍ လက်ဆေးဆပ်ပြာဖြင့် လက်ကို သေသေချာချာ ပွတ်တိုက်ဆေးကြောနေသည်။ရှန့်ရှီးကို မတွေ့ရပေ။

"မင်း လက်ဆေးတာကို ကြည့်ဖို့ ငါ့ကိုခေါ်လိုက်တာလား?"

စုန့်ယိက သန့်စင်ခန်း၏ လေးဖက်လေးတန်ကို ကြည့်လိုက်ရာ ၊ အခန်းတစ်ခန်းက တံခါးပိတ်ထားသည်ကို တွေ့လိုက်ရသည်။

"မင်းရဲ့ ဟိုစူပါမားကတ်က"

ချိန်ပေါ်ယန်က စုန့်ယိကို ကြည့်လိုက်ပြီး

"လူလိုနေသေးတယ် မဟုတ်လား?"

"လိုသေးတယ်လေ"

စုန့်ယိက ချက်ချင်းပြောလိုက်သည်။

"လိုသေးတယ်"

"ဘာရာထူးလဲ?ဘာတောင်းဆိုချက်တွေ ရှိလဲ?"

ချိန်ပေါ်ယန်က မေးလိုက်ပြီး ၊ တံခါးပိတ်ထားသည့် အခန်းဘက်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

"ငွေသိမ်းဖို့သာ မဟုတ်ရင် ၊ စကားပြောတတ်တာနဲ့ ရပြီ"

စုန့်ယိက ပြောလိုက်သည်။ချိန်ပေါ်ယန်၏ အဓိပ္ပါယ်ကို နားလည်သည်ပင်။

"ကျွန်တော် ငွေမသိမ်းပေးနိုင်လောက်ဘူး"

အခန်းထဲမှ ရှန့်ရှီး၏ အသံ ထွက်ပေါ်လာသည်။

"မင်း အရင်ဆုံး သင်လိုက်ပေါ့"

စုန့်ယိက ရယ်၍ ပြောလိုက်သည်။

"ငွေသိမ်းတာကလည်း ဘာမှ မခက်ပါဘူး ၊ နည်းနည်းပါးပါးပဲဟာ ၊ တကယ် သင်လိုက်ရင် ၊ ရက်နည်းနည်းလောက်ဆို တတ်သွားမှာ"

"သင်ရမယ့်နေရာ မရှိဘူး"

ရှန့်ရှီးက ပြောလိုက်သည်။

"ဒါဆို ငွေသိမ်းတာကလွဲပြီး ၊ မင်း နေရာတစ်ခုလောက် စီစဥ်ပေးလေ?"

ချိန်ပေါ်ယန်က လက်ဆေးနေရင်း စုန့်ယိနှင့် ဆွေးနွေးလိုက်သည်။

မတူညီမအပ်စပ်သောWhere stories live. Discover now