格格不入(GeGeBuRu)
စာရေးသူ : ၀ူးကျယ်
ဘာသာပြန်သူ : ယင်း
အပိုင်း ၁၉
"ဘာ?"
ချိန်ပေါ်ယန်မှာ ကြောင်အသွားမိသည်။ဒီ folder က်ို သူ မဖွက်ထားပေ။တစ်ယောက်တည်း နေတာကြောင့်၊ ပုံမှန်ဆို သူ့ကွန်ပျူတာကို ဖွင့်ကြည့်မည့်သူလည်း မရှိချေ။သို့သော်လည်း folder က အောက်ဆုံးနားမှာပင်။ရှန့်ရှီးက ခဏလောက်လေးနှင့် တွေ့သွားခြင်းက သူ့က်ို နည်းနည်းတော့ အံ့သြသွားစေခဲ့သည်။
စာမတတ်သည့်သူ ဖြစ်တာကြောင့် ၊ ထိုရုပ်ရှင်များ၏ နာမည်များက်ို ရှန့်ရှီးက အသေးစိတ် ကြည့်ပုံ မရပေ။စာလုံးတွေ အကုန်လုံးက်ို မသ်ိတာကြောင့်ပင်.......
"စိတ်က်ိုလန်းဆန်းတက်ကြွစေတယ်.......ကျွန်တော် ဖတ်တာ မမှားဘူး မဟုတ်လား?"
ရှန့်ရှီးက ပြောလိုက်သည်။
"မမှားလောက်ပါဘူး ၊ ကျောက်ကျားယောင် လမ်းဆုံမှာ လက္ဖက်ရည်အေးရောင်းတဲ့ ဆိုင်တစ်ဆိုင်ရှိတယ် ၊ ကရားတစ်ခုရဲ့ အောက်နားလေးမှာ စိတ်က်ို လန်းဆန်းတက်ကြွစေသည်ဆိုပြီး ရေးထားတာ....."
"ဖတ်တာ မမှားပါဘူး"
ချိန်ပေါ်ယန်က ရယ်လိုက်ပြီး
"မင်း အရင်ဆုံး တစ်ခြားဟာ ကြည့်ထားနှင့်လေ ၊ ဒီထဲကဟာကို မင်းကြည့်လို့ နားမလည်လောက်ဘူး"
"ကျွန်တော် စာလုံးတွေက်ို နားမလည်ဘူးလို့ ခင်ဗျားပြောရင် ကျွန်တော် လက်ခံပါတယ် ၊ ရုပ်ရှင်ကြည့်တာက ဘာနားမလည်စရာ ရှိလို့လဲ......ဒီလို ချစ်စရာကောင်းတဲ့ နာမည်တောင် ပေးထားလိုက်သေးတယ်.....ရုပ်ရှင်......ကာတွန်းကားလား?"
ရှန့်ရှီးက ပြောလာသည်။အသံက်ို နားထောင်ရသလောက်တော့ folder ကို ဖွင့်ကြည့်ပြီးသွားသည့် ပုံပင်။နှစ်စက္ကန့်လောက် တိတ်ဆိတ်နေပြီး နောက်မှာတော့ ၊ ရှန့်ရှီးက ကျစ်ခနဲ တစ်ချက်စုတ်သတ်လာပြီး
"ဘာကြီးလဲ ၊ အကုန်လုံးက အင်္ဂလိပ်နဲ့ ဂျပန်စာတွေကြီးပဲ ၊ ဘာ.....ရှု့.....ပေါ် ?"
"ပြောသားပဲ ၊ မင်းကြည့်လို့ နားမလည်ပါဘူးလို့"
ချိန်ပေါ်ယန်မှာ လက်တစ်ဖက်ဖြင့် ရှောင်ရှီးကို ပွေ့ထားရင်း ၊ လက်တစ်ဖက်ဖြင့် ဖုန်းကိုကိုင်ထားရသည်မှာ တော်တော်လေး အားကုန်လှသည်ဟု ခံစားလာရသည်။ရှန့်ရှီး ကြည့်လိုက်မှာလား မကြည့်ဘူးလား ဆိုသည်က်ို ဂရုစိုက်ဖို့လည်း ပျင်းလှရာ