အပိုင်း၂၃

372 48 4
                                    

格格不入(GeGeBuRu)

စာရေးသူ : ၀ူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၂၃

ချိန်ပေါ်ယန်က စိတ်ပျော့ပြီး ၊ ဆရာ၀န်တစ်ယောက်လည်း ဖြစ်နေသေးရာ ၊ ဆရာ၀န်တို့ထုံးစံအတိုင်း သနားတတ်သေးသည်။ဒဏ်ရာ ရလာသူ ၊ ဖျားနာသူတို့အပေါ်တွင် မသိလိုက်မသိဘာသာဖြင့် လက်ကမ်းကာ အကူအညီပေးတတ်သည်။သူက နည်းနည်းလည်း သနားစရာကောင်းအောင် ဟန်ဆောင်တတ်သေးရာ ၊ အဲ့ဒါကြောင့်.......

ဤသည်မှာ ချိန်ပေါ်ယန်က သူ့အား ဘာလ်ို့ ဒီလိုကူညီပေးနေတာလဲ ဆိုတာနှင့် ပတ်သတ်ပြီး ရှန့်ရှီး၏ အရင်တုန်းက အတွေးပင်။

သူ အတိတ်ဘ၀ကနေ ရုန်းထွက်လာသည့် အချိန်က ၊ ဒီအချက်ပေါ် မှီခို၍ ချိန်ပေါ်ယန်ထံ အကူအညီတောင်းရန် သူ တွေးမိခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ချိန်ပေါ်ယန်၏ စိတ်အာရုံက်ို လန်းဆန်းစေသည့် ရုပ်ရှင်လေးကို ကြည့်မိပြီး ၊ ချိန်ပေါ်ယန်က ယောကျာ်းလေးကို သဘောကျမှန်း သိလိုက်ရသည့် နောက်တွင် ၊ အရင်တုန်းက ကိုယ့်ခန့်မှန်းချက်အပေါ် သူ ရုတ်တရက် သံသယ ဖြစ်လာမိခဲ့သည်။

ထိုနေ့ညက ထန်ရှောင်ခန်း လုပ်ခဲ့သည့် မကောင်းသည့် ကိစ္စများက သူ့အား တကယ့်ကို ထိတ်လန့်သွားစေခဲ့သည်။ချိန်ပေါ်ယန်က သူ့အပေါ်တွင် သာမန်ထက်ပိုလွန်သည့် လုပ်ရပ်မျိုး မလုပ်ဖူးဘူး ဆိုသော်လည်း ၊ ထို့အပြင် ချိန်ပေါ်ယန်က သူ့အပေါ် တစ်ခုခုလုပ်လျှင်တောင် ၊ သူ ထန်ရှောင်ခန်းကို ရွံရှာသလိုမျိုး မရွံရှာလောက်သော်လည်း.......ချိန်ပေါ်ယန်က အရမ်းချောတာကြောင့် ၊ မဟုတ်ပေ ၊ သူက အရမ်းကောင်းသည့်လူ ဖြစ်တာကြောင့်........

ဘယ်လိုပဲ ဖြစ်ပါစေ ၊ သူကတော့ မေးကြည့်ချင်နေသေးတုန်းပင်။ဒီကိစ္စကို သူ ရုပ်ရှင်လေးတွေ ကြည့်မ်ိပြီးကတည်းက တစ်လျှောက်လုံး တွေးနေမိခဲ့သည်။အခုအချိန်မှာတော့ မထိန်းချုပ်ထားနိုင်တော့ပဲ ထုတ်မေးလိုက်မိသည်။

သို့သော်လည်း မေးပြီးသွားသည့် နောက်တွင် နောင်တရလာခဲ့သည်။

သူ တကယ်ကို ဦးနှောက်ထဲရှိ ရေတွေကို ထိန်းချုပ်သင့်နေပြီဟု တွေးလိုက်မိသည်။ချိန်ပေါ်ယန်က လူဆိုးလေးတစ်ယောက်အပေါ် ဘာအတွေးတွေ ရှိနိုင်မှာတဲ့လဲ။တိရိစ္ဆာန်တွေက တူရာစုပြီး ၊ လူတွေက စရိုက်မတူသူများ အုပ်စုလိုက် ခွဲနေသလိုမျိုးပင်။ဒီလိုမျိုး သူ့အပေါ် အတွေးရှိနေသူအား ဆုံတွေ့ရလျှင်တောင် ထန်ရှောင်ခန်းတစ်ယောက်သာ ရှိလောက်ပုံရသည်......

မတူညီမအပ်စပ်သောWhere stories live. Discover now