အပိုင်း၃၇

227 34 0
                                    

格格不入(GeGeBuRu)

စာရေးသူ : ဝူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၃၇


အလုပ်ရှာနေတာလား?

ဒီအတိုင်း ကြည့်ကြည့်တာ။

အစိုးရပြန်တမ်း ထုတ်ပြန်ချက် ဘုတ်ပြားပေါ်ရှိ အလုပ်ခေါ်သည့် အချက်အလက်များကို ခေါင်းမော့ကာ သေသေချာချာ ကြည့်နေသည့် ရှန့်ရှီး၏ ပုံအောက်တွင် ဒီစာသားနှစ်ခုကို တွဲဖက်ရေးထားသည်မှာ ၊ ချိန်ပေါ်ယန်အား ထိန်းချုပ်လို့ မရနိုင်အောင် ဒေါသထွက်လာစေသည်။

ရှန့်ရှီးက စာလုံးတွေ သိပ်မသိပေ။အချက်အလက်ပေါ်ရှိ စာများကို အကုန်လုံးသိတာ တစ်ရွက်တောင် မရှိလောက်ချေ။ဒီဓာတ်ပုံကို တွေ့လိုက်ရသည့် အချိန်ကျမှသာ ၊ ရှန့်ရှီးက ဒီစာတွေထဲကနေ တကယ်အသုံး၀င်သည့် အကြောင်းအရာတွေကို ဘယ်လိုရှာတွေ့ခဲ့ပြီး ၊ ရှားကောထမင်းဆိုင်က အလုပ်ကို ရခဲ့သလဲဆိုသည်အား သူ တစ်ခါမှ မတွေးခဲ့မိကြောင်း ရုတ်တရက် သတိရလာခဲ့သည်။

ထို့အပြင် ဖန်းယင်က ရှန့်ရှီးနှင့် ဒီလိုစကားမျိုး ပြောနေချိန်၌ ၊ ရှန့်ရှီး၏ ဒီအဖြေက သေချာပေါက် အမှန်မဟုတ်မှန်းကို သိနေမှာ သံသယ ဖြစ်နေစရာပင် မလိုပေ။

ဒီအတိုင်း ကြည့်ကြည့်တာ။

ဒီလိုအဖြေမျိုးမှာ ရှန့်ရှီး၏ သတိအနေအထား ဖြစ်နေတတ်သည့် စိတ်ထဲတွင် သိမ်းဆည်းထားသည့် ကိုယ့်ကိုကိုယ် လေးစားမှုပင်။သူ မသိစိတ်ကနေ သူ့ကိုယ်သူအတွက် ကြိုးစားရုန်းကန်နေသည့် လက်ရှိအခြေအနေ၏ နောက်ဆုံး ကာကွယ်မှုဖြစ်သည်။

ဖန်းယင်က ဒီအချက်ကို ရှင်းရှင်းလင်းလင်း သိသည်ပင်။သူ ဖော်ပြနေသည်မှာလည်း ဒီအချက်ကိုပင် ဖြစ်သည်။

ဟိုတစ်နေ့က ထမင်းစားချိန်တွင် ၊ ပါးစပ်သင့်ရာ ပြောလိုက်သည့် ရှားရှန့်က ၊ ရှန့်ရှီးကို ပေါက်ကွဲသွားစေသလိုမျိုးပင်။ရှန့်ရှိီး ဘာက်ို ဂရုစိုက်မှန်း ချိန်ပေါ်ယန် သိသည်။ရှန့်ရှီးသာ ဒီလိုဓာတ်ပုံမျိုးကို တွေ့သွားရင် ဘယ်လိုမျိုး တွေးနေမလဲ?

မတူညီမအပ်စပ်သောWhere stories live. Discover now