အပိုင်း၁၃

352 60 4
                                    

格格不入(GeGeBuRu)

စာရေးသူ : ၀ူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၁၃


ချိန်ပေါ်ယန်မှာ ရှန့်ရှီးဆေးရုံဆင်းပြီးနောက်တွင် တကယ်ပဲ ကောင်းကောင်းအနားယူနိုင်မလား ဆိုသည်က်ို သံသယ ရှိနေဆဲပင်။ဒီကောင်လေးက ဆေးရုံမှာ နေနေတာ သုံးလ ရှိနေပြီ ဖြစ်သော်လည်း ၊ သူ့က်ို လာကြည့်သည့်လူ တစ်ယောက်ပင် မရှိချေ။

ချိန်ပေါ်ယန် သူ့အား ကားပါကင်တွင် တွေ့သည့်အချိန်က ၊ သူ့ကိုယ်ပေါ်၌ ဖုန်းမရှိပေ။ဆေးရုံတက်နေသည့် ဒီအချိန်အကြာကြီးအတွင်းမှာလည်း ဖုန်းငှားပြီး ဘယ်သူ့ကိုမှလည်း မဆက်သွယ်ခဲ့ဖူးချေ။တကယ်ပဲ ဘယ်လို ပတ်၀န်းကျင်မျိုးမှာ အသက်ရှင်နေထိုင်နေသလဲကို နားမလည်နိုင်ပေ......သို့သော်လည်း ဤသည်မှာ ရှန့်ရှီးကိုယ်တိုင် ဆုံးဖြတ်ထားသည့် ကိစ္စဖြစ်ရာ ၊ သူ အများကြီး မေးကြည့်ဖို့ စိတ်ကူးမရှိပေ။

ရှန့်ရှီး ဒီတစ်ခေါက် ဆေးရုံတက်သည်မှာ ၊ ချိန်ပေါ်ယန်၏ အချိန်နှင့် ငွေ အတော်များများကို သုံးလိုက်ရသည်။ရှန့်ရှီး ဆေးရုံက ဆင်းမည်ကို သူ ထပ်တားလိုက်မိပါက ၊ သို့မဟုတ် ဆေးရုံက ဆင်းပြီးနောက် ရှန့်ရှီး၏ ဘ၀ကို တွေးတောနေမိပါက ၊ တကယ်ကြီး စိတ်ရောဂါ ဌာနဆီသွားကာ ဆေးတောင်းသင့်နေပြီပင်။

----------

ရှန့်ရှီးမှာ ဒီနှစ်ရက်အတွင်းစိတ်တွေမတည်မငြိမ် ဖြစ်နေမိသည်။ဆေးရုံက ဆင်းရတော့မှာကြောင့် စိတ်လှုပ်ရှားနေတာလား ဒါမှမဟုတ် တစ်ခြား အကြောင်းအရင်း​ကြောင့်လားတော့ မသိပေ။အနှစ်ချုပ်ရလျှင်တော့ စိတ်ခံစားချက်များက အတက်အကျ မြန်ဆန်နေသည်။ချိန်ပေါ်ယန်က သူ့အတွက် ၀ယ်ပေးလာသည့် အင်္ကျီနှစ်စုံကို တွေ့လိုက်ရသည့်အချိန်၌ ၊ သူ မျက်လုံးကို ပွတ်လိုက်မိပြီး ၊ စကားပြောသည့် အသံကပင် နှာသံပါလာခဲ့သည်။

"ကျေးဇူးပါပဲ ကော"

ရှန့်ရှီးမှာ ခေါင်းငုံ့လျက် ကုတင်ခေါင်းရင်းတွင် တင်ထားသည့် အင်္ကျီကို ကြည့်နေလိုက်မိသည်။

မတူညီမအပ်စပ်သောWhere stories live. Discover now