Intro

15.6K 717 48
                                    

ကျွန်တော့်ကို ငိုယိုပြီး ဖုန်းဆက်တဲ့ TaeHyung.. ဖုန်းထဲကနေ ဆူဆူညံညံကြားရတဲ့ အသံတွေအရ ကျွန်တော်တို့ သွားနေကျ Club မှာ။

Google Mapကို ဖွင့်ပြီး တည်နေရာကို သေချာအောင် ကြည့်လိုက်သည်။

တကယ်ကိုပဲ Club မှာ ဖြစ်သည်။

“TaeHyung!”

မူးရူးနေတဲ့ အမူးသမားက ကျွန်တော်အော်ခေါ်လိုက်တော့ အရက်ပုလင်းကြီးဆွဲပြီး ကျွန်တော့်ကို ပြေးဖက်သည်။

သီချင်းသံတွေကြားတည်းမှာ အော်ငိုနေတဲ့ TaeHyung.. မျက်နှာတွေက နီရဲနေတော့သည်။

ပါးစပ်ကလည်း..
“ JungKook အဲဒီကောင်ကို ဆွဲထိုး! အဲဒီကောင်ကို သတ်! ငါ့ကို သစ္စာဖောက်သွားတယ် အဲဒီကောင်! အင့်! JungKook ah!”

“ငါနဲ့ လိုက်ခဲ့”

ခြေထောက်ကနေ ဆွဲမပြီး ကုန်းပိုးလိုက်သည်။ လေးလံပေမယ့် 15နှစ်လုံးလုံး နေသားကျလာတော့ ခံစားချက်က သိပ်မသိသာတော့ပေ။

ကျွန်တော့် ပုခုံးကို ပါးအပ်ထားတဲ့ TaeHyung..

Clubကနေ ကုန်းပိုးပြီး သူ့ကို ခေါ်ကာ အိမ်ပြန်လမ်းဆီကသို့ ခြေလျင်လျှောက်ပြီး ဦးတည်လိုက်သည်။

Taxiငှားလို့မဖြစ်ပေ။

မူးနေရင် ဘာမှမမြင်တော့တဲ့ TaeHyungက ကျွန်တော်က လွဲလို့ ကျန်တဲ့ သူတွေကို လိုက်ပြီး ပြသနာရှာတတ်တဲ့ အကျင့်က အခုထိမှ မပျောက်သေးတာဘဲ။

“သူ့ကောင်မ အသစ်က ငါ့လောက်တောင်မလှဘဲနဲ့”

“ဟုတ်တယ်.. မင်းက ငါမြင်ဖူးသမျှထဲမှာ အလှဆုံးပဲ၊ အဲဒီခွေးက မမြင်တတ်တာ”
သူ့ကို အလိုက်သင့်ပြောပေးတော့ ခေါင်းတဆတ်ဆတ်ညိတ်သည်။

“သူ့ကို ဆွဲထိုးပစ်ခဲ့တယ်၊ သူ့ကောင်မကိုလည်း ရိုက်ခဲ့တယ်”

လက်သီးနှစ်ဖက်ကို လေပေါ်မှာ လှုပ်ရမ်းနေတဲ့ TaeHyung..

ရယ်လိုက်မိသည်။
“အဲဒါကို ငါ့ကို ထပ်ရိုက်ခိုင်းနေသေးတာ၊ ငါက အငှားလူမိုက်လား”

ဝူးဝူးဝါးဝါးနဲ့ TaeHyungက အမေးကို အမေးနဲ့ တုံ့ပြန်သည်။
“မင်းက မလုပ်ပေးချင်ဘူးလား”

Fu!king BestFRIEND : FBF Where stories live. Discover now