[Part-24]

5.7K 478 98
                                    

တစ်လဆိုသည့်အချိန်က ဟိုအရင်တုန်းကတော့ TaeHyung နဲ့ JungKook အတွက် သိပ်ကိုမှ ရိုးရှင်းလွန်းခဲ့သည်။ သို့သော် ချစ်သူတွေအဖြစ်သို့ တစ်ဆင့်တက်လိုက်ပြီးသည့်နောက် အရာအားလုံးက တစ်ဆစ်ချိုးပြောင်းလဲ၍ သွားသည်။

ဒီတစ်လ၌ TaeHyung နဲ့ JungKook ပို၍ စကားများလာသည်။ ပို၍ရန်ဖြစ်လာသည်။ ပို၍ သဝန်တိုလာကြသည်။ ပို၍ ချစ်လာသည်မှာမှန်သော်လည်း သူငယ်ချင်းတုန်းက‌နဲ့ တစ်စက်မှမတူညီတော့တဲ့ ခံစားချက်တွေက သူတို့နှစ်ယောက်အား ညှိနှိုင်းရခက်ခဲစေသည်။

JungKook က သိပ်သဝန်တိုတတ်သည့်အလျောက် TaeHyung ကလည်းပဲ သူ့ကိုမယုံကြည်၍ စိတ်တိုရသည်။

JungKook က နှစ်ပေါင်းမြောက်မြားစွာချုပ်တည်းလာခဲ့ရသည့် စိတ်ခံစားချက်တွေအကုန်လုံးကို ကျွန်တော့်အပေါ်၌ စုပုံချပြီး နေ့ရက်တိုင်းမှာ အတိုးချ၍ သဝန်ပိုတိုနေသည်လား မှတ်ရသည်။

နှစ်ယောက်တည်းရှိနေချိန်များ၌ TaeHyung သည်းခံသည်က များသော်လည်း ကျောင်းဝန်းထဲ၌ EunWoo တို့နဲ့ရှိနေစဉ်အချိန်ခါမျိုး၌ သဝန်တို၍ ပြဿနာရှာခြင်းက TaeHyung အား စိတ်ကသိကအောင့်ဖြစ်စေသည်။

ယခုလည်း TaeHyung နဲ့ JungKook စကားများထားကြပြန်သည်မို့ ဒီမနက်ပိုင်းကို JungKook က TaeHyung အားလာမကြို။

စိတ်ထဲမှာအဆင်မပြေဖြစ်ပြီး ဝမ်းနည်းမိသော်ငြားလည်း TaeHyung မှားသည့်ကိစ္စ တစ်ချက်မှမရှိ။

လွယ်အိတ်ကိုကောက်ဆွဲရင်း Bus Carဖြစ်သာကျောင်းသို့သူလာခဲ့လိုက်သည်။

"ဟာ.. ဒီကောင်တွေတော့ထုံးစံအတိုင်းဖြစ်လာပြန်ပြီထင်တယ်"

ကန်တင်းမှာထိုင်နေတဲ့ EunWoo တို့ဆီကိုလျှောက်သွားလိုက်တော့ EunWoo ရဲ့ သက်ပြင်းချသံရောနှောနေသည့် အသံကြီးက ကျယ်ကျယ်လောင်လောင်ထွက်လာခဲ့သည်။

"တိုးတိုးနေစမ်းပါ.. စိတ်ညစ်ရတဲ့အထဲ"
သူပြန်ပြောပြီး ထိုင်လိုက်သည်အထိ JungKook က ရောက်မလာသေး။

"ဘာသောက်မလဲ.. ရင်ပူနေတော့ ရေခဲစားမလား"

"မင်းပဲဝါးစား အဲဒီရေခဲတွေ.. Cha EunWoo ရဲ့ ငြိမ်ငြိမ်နေစမ်းပါ"

Fu!king BestFRIEND : FBF Where stories live. Discover now