[Part-25]

2.6K 264 36
                                    

အိမ်ပြန်လမ်းကလက်တော့ခပ်ညောင်းညောင်းရယ်။ JungKookက ကျွန်တော့်အတွက်ဆိုပြီး ဝယ်လာပေးသည့် ပန်းချီပစ္စည်းတွေရယ်၊ ‌ကျွန်တော်လိုချင်နေတဲ့ Brandထဲက အင်္ကျီတစ်ချို့ရယ် ကို ကိုင်ထားရင်း JungKook ဆိုင်ကယ်နှင့် အိမ်ပြန်လမ်းအား ခရီးနှင်ရပြန်သည်။

“TaeHyungလက်ညောင်းနေပြီလား.. အဆင်ပြေရဲ့လား”

သူ့ကိုခေါင်းကလေးစောင်းရင်း လှမ်းမေးတဲ့ JungKook စကားကြောင့် TaeHyung က ခပ်ပြုံးပြုံး။

“မင်းအထုတ်တွေကများပဲများတာ၊ ပေါ့ပေါ့လေးတွေကြီးပဲ..နောက်တစ်ခေါက်တော့ ဒီလောက်အများကြီးဝယ်မလာနဲ့.. ဒီလောက် အင်္ကျီတွေရော.. ဘောင်းဘီတွေရော.. အများကြီး ငါဘယ်လိုဝတ်မှာတုန်း၊ လိုချင်တယ်ပြောတိုင်း လိုက်မဝယ်ပေးနဲ့၊ ပထမဆုံးရတဲ့ Dance Studio က လစာ.. အင်း.. ပိုင်ရှင်ပေမယ့်လည်း လစာပဲထားလိုက်ပါတော့၊ ငါ့အတွက်ဖြုန်းပစ်ဖို့မလိုဘူး”

အနောက်‌ကနေဆူနေဟန်ဖြင့် TaeHyung ရဲ့စကားကြောင့် JungKook က Helmet အောက်မှ ပြုံးလိုက်မိသည်။

Dance Studioက အရင်လတွေတုန်းက MoMoရော၊ သူရော.. အမြတ်တွေကိုခွဲ၍ မရ၊ သင်တန်းသားတွေလည်းနည်းနေသလို Studio က သူတို့ကိုယ်ပိုင်ဝင်ငွေနဲ့ပဲအသုံးပြုပြီးဖွင့်တာဖြစ်တာအပြင် ငွေအနည်းငယ်လှည့်ထားတဲ့သူတွေကိုလည်းအကြေပြန်ဆပ်နေရသေးသည်ကြောင့်လည်း ဖြစ်သည်။

ဒီလမှ ငွေတွေအကုန်လုံးကြေကာ သင်တန်းသားတွေလည်းများလာပြီး သူတို့ရဲ့ Dance Studio က အခြေကျလာတာပင်။

ဒါကြောင့်မို့ MoMoနဲ့ သူနဲ့ရဲ့ပထမဆုံး ကိုယ့်ရဲ့ကိုယ်ပိုင်လုပ်အားတွေအား စ၍ခွဲဝေဖြစ်ခဲ့သည်။

ကျွန်တော့်ခါးကိုဖက်ထားရင်း TaeHyung ဆီက စကားကြောင့် JungKook က ခပ်ပြုံးပြုံး။

“ဒီလောက်ကအေးဆေးပါ.. ကိုကိုရှာသမျှက အသဲလေးအတွက်”

“ငါတွန်းချပစ်မှာနော် Jeon JungKook.. မင်းသူဌေးသားမှန်းသိတာမို့ ကြက်သီးထစရာတွေမပြောနဲ့”

TaeHyung ဆီကစကားကြောင့် တဟားဟားရယ်နေရပြန်တဲ့ သူ။ ကျွန်တော့်အသဲလေးက ဘယ်တော့မှ Roလို့ရမည်မဟုတ်ပေ။

Fu!king BestFRIEND : FBF Where stories live. Discover now