[Part-7]

2.9K 349 136
                                    

အန်တီက ခရီးကနေပြန်ရောက်လာပြီမို့ TaeHyung က ပုံမှန်အတိုင်း သူ့အိမ်ကို သူပြန်ပေမယ့် အခုလက်တလော သူတို့နှစ်‌ယောက်ကြားမှာ တစ်ခုခုဝေးကွာနေသကဲ့သို့ JungKook ခံစားရသည်။

ဟန်ဆောဂျွန်းဆိုတဲ့ လူကို တကယ်ကို ကြွေနေပုံရတဲ့ အဲဒီ Kim TaeHyung..

ဘယ်တုန်းကတည်းကနေ အဲဒီလိုမျိုး လူကြီးဆန်တဲ့ပျင်းစရာကောင်းတဲ့ ပုံစံတွေကို Kim TaeHyung က သဘောကျတတ်သွားလဲ JungKook မသိပေမယ့် နည်းနည်းမှ တစ်စက်မှ ကြည့်မရ။

မနက်ခင်းတိုင်း ကျောင်းအဝမှာ Kim TaeHyung ကို စောင့်နေတတ်တဲ့ အဲဒီသောက်မြင်ကပ်စရာ ဟန်ဆောဂျွန်း။

နေ့လည်ခင်းတို့ ကျွန်တော်တို့ သူငယ်ချင်းတွေထိုင်နေတဲ့ ကန်တင်းက နေရာကိုရောက်လာတတ်ပြီး စိတ်ပျက်စရာကောင်းအောင် Kim TaeHyung အနားမှာ တဝဲလည်လည်။

ကျွန်တော့်ကိုကျတော့ ရည်းစားတွေကို သူငယ်ချင်းတွေကြားတည်း သောက်ဇယားလာမရှုပ်နဲ့ လို့ အော်တတ်တဲ့ Kim TaeHyung က ဟန်ဆောဂျွန်းနဲ့ပဲ စကားပြောရင်း ကျွန်တော်တို့ကိုတောင် အာရုံမစိုက်နိုင်ခဲ့တဲ့ ရက်တွေအတော်များနေခဲ့ပြီဖြစ်သည်။

အိပ်ရာပေါ်မှာ ထိုင်နေရင်းကနေ ဒီရက်တွေအတွင်း ဖြစ်နေတဲ့ကိစ္စတွေကို ပြန်တွေးမိရင်း စိတ်ထဲက တနှုံ့နှုံ့။

ပြတင်းပေါက်ဘက်ကို လျှောက်သွားလိုက်ပြီး အိမ်ရှေ့အိမ်.. ဒုတိယထပ်က ကျွန်တော်နဲ့ တည့်နေတဲ့ Kim TaeHyung အခန်းကို စက္ကူလုံးထဲ ခဲဖျက်သုံးတုံးလောက် လုံးထည့်ပြီး ကောက်ပစ်လိုက်မိသည်။

JungKook တို့ရပ်ကွက်က မျက်နှာချင်းဆိုင်အိမ်တွေက သိမ်မလှမ်းတာမို့ ဖွင့်ထားတဲ့ ပြတင်းပေါက်ထဲ တန်းတန်းမတ်မတ်ဝင်သွားသည်။

အဲဒီနည်းလမ်းက ငယ်ငယ်ကတည်းကနေ အခုထက်ထိ.. လူကြီးတွေက အပြင်ပေးမထွက်ရင် ပေါက်ကရလုပ်လို့ရတာမှန်သမျှကို ပြတင်းပေါက်ကနေတစ်ဆင့် အခန်းထဲကနေပဲ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်းဆော့တတ်တဲ့  နည်းလမ်း။

အဲဒီနည်းလမ်းကိုလည်း Kim TaeHyung ဆိုတဲ့ အချစ်ဦး.. သောက်သူငယ်ချင်း.. င‌မွှေထိုးကောင်ကပဲ စတင်ခဲ့တာပင်။

Fu!king BestFRIEND : FBF Where stories live. Discover now