“TaeHyung.. ခဏလာထိုင်ပါဦး..”
TaeHyung ဒီနေ့မနက်အစောကြီး နိုးသည်။ အမှန်တကယ်က နိုးတယ်ရယ်မဟုတ်၊ ကျောင်းမှာ အရေးကြီးတဲ့ မနက်ပိုင်းအတန်းချိန်ရှိသည်မို့ ခပ်စောစောထ၍ ကျောင်းသွားရခြင်းသာဖြစ်သည်။
အိမ်အောက်ထပ်ကိုဆင်းလာကာ ထမင်းစားခန်းထဲကိုမဝင်တော့ဘဲ အိမ်အပြင်ထွက်ဖို့လုပ်တော့ ဧည့်ခန်းထဲမှာထိုင်နေတဲ့အဖေက လှမ်းခေါ်သည်မို့ TaeHyungခြေလှမ်းတို့ ရပ်တန့်သွားရသည်။
ဒီလိုနေ့မျိုးဆိုရင် ကျွန်တော်မနက်စာမစားတာကိုသိသည့်အဖေက ထုံးစံအတိုင်း စားပွဲပေါ်မှာ မနက်စာအတွက်ဘူးကလေးတင်ထားသည်ကို TaeHyungလှမ်းမြင်နေရသည်။
“မနက်စာပေးဖို ့မလား အဖေ.. ကျေးဇူးပါ”
“နေဦး.. အဖေပြောစရာရှိလို့”
မနက်စာဘူးကိုဝင်ယူပြီး ပြန်ထွက်ဖို့လုပ်တော့ အဖေက ထပ်၍လှမ်းခေါ်သည်။
နာရီကိုကြည့်လိုက်မိရင်း..
“အဖေ ဒီမနက်အရေးကြီးတဲ့ အတန်းချိန်ရှိတယ်.. JungKookက လာကြိုမှာမဟုတ်ဘူး၊ ကျွန်တော် ဘတ်စ်ကားစီးရမှာ.. နောက်ကျလိမ့်မယ်၊ ညနေပြန်လာမှပြောပါလား”“ကျစ်.. Kim TaeHyungရယ်.. မင်းငါ့ကိုပြန်ပြောနေတာနဲ့တင် အချိန်ကကြာမှာ.. ခဏလေးထိုင်လိုက်.. မနေ့ကတည်းက ပြောမလို့ကို.. မင်းက သားJungkookနဲ့အပြင်သွားပြီး ညမိုးချုပ်မြှပန်လာတာကိုးကွ”
အသံပျော့ပျော့လေးကနေ ပုံစံအတိုင်း အသံခပ်မာမာပြန်ထွက်လာတာမို့ TaeHyungကြောက်ကြောက်နဲ့ပင် ထိုင်လိုက်ရသည်။
မဟုတ်လျှင် အခုထက်ပိုပြီး နားငြီးနေပေလိမ့်ဦးမည်။
“ပြောအဖေရာ.. ပြောပြော..”
“နာအင်းမရှိတုန်းပြောရမယ့် စကားမို့လို့ကွ.. မဟုတ်ရင် ညနေမှမင်းကိုပြောပါတယ်..”
အဖေ့စကားကြောင့် အိမ်ပတ်ပတ်လည်ကို TaeHyungလိုက်ကြည့်လိုက်မိသည်။
ပုံမှန်ဆိုရင် မနက်ခင်းတိုင်း ကျွန်တော်နိုးတဲ့အချိန်ဆိုရင် 'မ'က အနီးအနားမှာရှိနေကြပင်။
“ဘယ်သွားတာလဲ အဖေ.. 'မ'က”
“သူငယ်ချင်းနဲ့သွားတွေ့တယ်ပြောတယ်.. အဲဒါထက်အရေးကြီးတာက မနေ့က Mrs.ဆွန်းကဖုန်းဆက်တယ်”
YOU ARE READING
Fu!king BestFRIEND : FBF
FanfictionJeon JungKook X Kim TaeHyung 26122022- |LivoniaKim|