[Part-5]

3.2K 402 112
                                    

မူးဝေဝေနဲ့ မကြည်မလင်နိုးလာတဲ့ မနက်ခင်း။

ဝေဝါးနေတဲ့မြင်ကွင်းပေမယ့် ‌အနက်ရောင်အသုံးဆောင်တွေများနေတဲ့ အခန်းနဲ့ ရနေတဲ့ ကိုယ်သင်းနဲ့တစ်ခုကြောင့် သူ့အိမ်မှာ မဟုတ်ဘဲ JungKook အိမ်ကိုရောက်နေပြီဆိုတာ TaeHyung သိလိုက်၏။

သူ့ခေါင်းအောက်က ခပ်မာမာအရာတစ်ခု။ ကြည့်လိုက်တော့ JungKook လက်မောင်းပေါ်မှာ အိပ်နေမိတာဖြစ်၏။

အသက် 18နှစ်ပြည့်ပြီဆို‌တော့ JungKook က လူငယ်ဘဝရဲ့အနှစ်အရသာကို TaeHyung ထက်ပင်ပို၍ အပြည့်အဝခံစားရသည်။

ညာဘက်လက်မောင်းတစ်ဖက်အပြည့် ထိုးထားတဲ့ တက်တူးတွေ။

အင်္ကျီချွတ်ပြီး အိပ်နေတဲ့ အဲဒီကောင်ကြောင့် TaeHyung က သူအုံးထားတဲ့ JungKook ရဲ့လက်မောင်းကို သေချာကြည့်နေမိသည်။

JungKook က အလယ်တန်းတုန်းက TaeHyung ထက် ခန္ဓာကိုယ်သေးပြီး အရှပ်ရှည်သည်။ အခုတော့ TaeHyung က JungKook အရပ်ကိုမှီသွားပြီဆိုပေမယ့် JungKook က TaeHyung ထက်ကိုပိုပြီး ခန္ဓာကိုယ် ထွားကြိုင်းသည်။

ဥပမာပေးရရင် TaeHyung ရဲ့ ခါးက JungKook ရဲ့ လက်တစ်ပွေ့စာပဲ။

JungKook ရဲ့ ခန္ဓာကိုယ်က TaeHyung ထက် နှစ်ဆလောက်ရှိပြီး six-packနဲ့.. ရင်အုပ်ကျယ်ကျယ်.. အဖြူရောင်ဆံပင်တွေ.. လက်တစ်ဖက်တက်တူးအပြည့်နဲ့ ဆိုင်ကယ်တစ်စီးကို တဝူးဝူးမောင်းရင်း All Black Fashion နဲ့ မြို့ပတ်တတ်တဲ့ JungKook က TaeHyung တို့ မြို့နယ်မှာ မိန်းကလေးတွေကြားတည်း တော်တော်ကလေးနာမည်ကြီးသည်။

TaeHyung က JungKook ကို အဲဒီကိစ္စကြောင့်နဲ့ မကျေနပ်။ TaeHyung က ဆံပင်ဆေးဆိုးမယ်ဆိုတော့ သူကျတော့ ဆိုးပြီး ကျွန်တော့်ကိုကျတော့ တားတဲ့ကောင်။

သူကျတော့ တက်တူးတွေထိုးပြီး ကျွန်တော်လည်း တက်တူးထိုးမယ်ပြောတော့ အဖေနဲ့ တိုင်ပြောတဲ့ အဲဒီကောင်။

ဆိုင်ကယ်စီးမယ်ဆိုတော့လည်း အဖေ့ကို သွေးတွေထိုးပြီး သူ့ဆိုင်ကယ်နောက်ကနေပဲ လိုက်စီးခိုင်းဖို့ စည်းရုံးပစ်လိုက်တဲ့အကောင်။

အဖေကလည်း ဒီ အရူးကောင်ကိုမှ စိတ်ချနေတော့တာ။

သူတစ်ယောက်တည်းသောက်ရမ်းမိုက်ပြီး ကျွန်တော်ကတော့ ယောင်္ကျားလေးတစ်ယောက်ပေမယ့် သောက်ရမ်းကြီးရိုးရှင်းနေတာမျိုးက မဖြစ်သေးဘူးမဟုတ်လား။

Fu!king BestFRIEND : FBF Where stories live. Discover now