သူ့မျက်စိရှေ့တည့်တည့်မှာရပ်နေပြီး သူ့ကိုပြုံးပြီးကြည့်နေဆဲ JungKook..
TaeHyung က JungKook ကိုပြန်လည်စိုက်ကြည့်ကာ ခပ်မှိန်မှိန်ကလေးပြုံးမိသည်။
“မင်းပျော်မယ်ထင်နေတဲ့ဟာတွေကိုလုပ်နေတာကောင်းပါတယ် JungKook.. ညနေ စာသင်ချိန်ပြီးရင်ငါလာခဲ့ပေးပါမယ်”
TaeHyung က ခပ်တိုးတိုးကလေးပြောလိုက်ပြီး ကြမ်းပြင်ပေါ်မှာ ပြုတ်ကျနေသည့် စုတ်တံအားပြန်ကောက်ယူလိုက်သည်။
“မင်းလည်းဒီအတိုင်းဆက်ပြုံးထားနိုင်ပါစေ TaeHyung”
JungKook က TaeHyungအား နှုတ်ဆက်ပြီး ဝုန်းဒိုင်းကြဲကာထွက်သွားသည်။ ခြံတံခါးကို ဝုန်းခနဲဆောင့်ပိတ်ချသွားတဲ့ JungKook ကြောင့် TaeHyung ခန္ဓာကိုယ်က တုန်ခနဲ။
ဆိုင်ကယ်ကိုခပ်ကြမ်းကြမ်းမောင်းထွက်သွားသံအား TaeHyung မော့မကြည့်သော်လည်း JungKook ဘယ်လောက်အထိဒေါသထွက်နေမည်မှန်း သဘောပေါက်သည်။
သက်ပြင်းချလိုက်မိရင်း မျက်ရည်ကလည်း ခပ်ပါးပါးလှိမ့်ဆင်းလာတော့၏။
“TaeHyung”
“အာ.. Sana..”
ခြံထဲကို ရုတ်တရက်ဝင်လာတဲ့ Sanaကြောင့် TaeHyung က မျက်ရည်တွေကိုခိုးကာ သုတ်လိုက်သည်။
ထို့နောက်..
“လာထိုင်လေ.. ငါပုံဆွဲနေတာ.. အတော်ပဲ.. နင်လည်းတစ်ခါတည်းကြည့်သွားပြီး ဆွဲချင်ရင် လိုက်ဆွဲပေါ့”Sanaအတွက် ခုံကိုဆွဲယူပေးလိုက်ကာ TaeHyung က Sanaကိုထိုင်စေလိုက်သည်။
ကျွန်တော်လုပ်သမျှကို လိုက်ကြည့်နေတဲ့ Sanaက ဘာတစ်ခွန်းမှပြန်မပြောဘဲ ဒီအတိုင်းသာ ခပ်မှိန်မှိန်ကလေးစိုက်ကြည့်နေခြင်းဖြစ်သည်။
သက်ပြင်းချလိုက်မိရင်း ခုံကိုမှီလိုက်မိတဲ့သူ။
“Sana နင်ဘာဖြစ်တာလဲ.. တစ်ခုခုပြောစရာရှိရင်လည်းပြောလေ”
TaeHyung စကားကြောင့် Sanaက သက်ပြင်းချသည်။ ထို့နောက်..
“နင်နဲ့ JungKook နဲ့ ဒီတစ်ပတ်လုံးလုံး တစ်ခုခုဖြစ်နေတာကို ငါသတိထားမိတယ်.. နင်တို့နှစ်ယောက်တွေ့လည်းမတွေ့ဖြစ်ကြဘူးမလား..ခုနကလည်း နင်တို့နှစ်ယောက်ကို အပေါ်ထပ်ကကြည့်နေတာ.. JungKook ကိုသွားမေးရင် သူကပြောမှာမဟုတ်ဘူး၊ နင်ကတော့ မဖုံးကွယ်တတ်ဘူး၊ အဲဒါကြောင့်လာမေးတာ”