TaeHyung အတွက်တော့ တက္ကသိုလ်ရောက်ရင် လုပ်ချင်တာလုပ် ဟူသည့် လူကြီးတွေရဲ့ စကားအား ယုံကြည်ခဲ့မိခြင်းသည် ဘဝမှာ အကြီးမားဆုံးသော နောင်တ တရား တစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။
ဖြေလိုက်ရတဲ့ Tutorial တွေ.. လုပ်လိုက်ရတဲ့ Assignment တွေ.. ကျက်လိုက်ရတဲ့ စာတွေ။
စာမေးပွဲနီးလာပြီဖြစ်တာမို့ TaeHyung စိတ်ထဲ အတော်လေး ငိုချင်နေမိတော့သည်။
ကုန်ဆုံးသွားတဲ့ လ, တွေမှာ ဘာတွေလုပ်ခဲ့မိသည်လဲ ဆိုတဲ့အကြောင်းအရာတွေကို ပြန်တွေးတောနေမိရင်း ကိုယ့်ကိုယ်ကိုယ် ဆဲရေးနေမိတော့သည်။
လွန်ခဲ့တဲ့ လတွေ အကုန်လုံးကို အစ်ကိုနဲ့ အချိန်ကုန်လိုက်.. ဂိမ်းဆော့လိုက်ဖြင့် သူအလေလိုက်နေခဲ့သည်။
မတွေးချင်သော်လည်း ဤသည်မှာ အမှန်တရားတစ်ခုဖြစ်၏။
ထို့အပြင် တက္ကသိုလ်၏ တစ်လစာကျူရှင်စရိတ်က အထက်တန်းတက်ခဲ့စဉ်တုန်းက တက်ခဲ့သည့်ကျူရှင်များ၏ နှစ်လစာလောက်ပင် ရှိသည်။
ထို့အပြင်တစ်ပတ် တစ်ရက်၊ တစ်လ လေးရက်။
အစိုးရဝန်ထမ်းဖြစ်တဲ့ အဖေ့အတွက် ဒီစာရိတ်ကို TaeHyung တို့မတတ်နိုင်သလို အဖေကလည်း မထား။ TaeHyung ကို မယုံကြည်တာလည်းပါသည်။
အိမ်ရှေ့အိမ်က ဟိုကောင်JungKook က TaeHyung ထက်တော့ တော်သေးသည်။ စာတော်သည်ကို ပြောတာမဟုတ်။ အဲဒီကောင်မှာက ဝီရိယလေးတစ်ခုကတော့ ရှိ၏။ စာလုပ်ရမယ့်အချိန်စာလုပ်သည်။
TaeHyung က ရှင်းသည်။ စာလည်းမရ.. ထို့အပြင် စာလည်းမလုပ်..။ ဝီရိယလည်း မရှိ။ ရှိလည်း မလုပ်။ ဉာဏ်ပြေးသော်လည်း အသုံးမချချင်။
နှာခေါင်းရှုံ့လိုက်မိရင်း လက်ထဲကဘောပင်ကို စားပွဲပေါ်သို့ သူပစ်ချလိုက်မိသည်။
"ချီးဘဝ! ချီးဘဝ! ချီးဖြစ်နေတဲ့ ဘဝ!"
စားပွဲကို တဒုန်းဒုန်းထုချနေမိတော့တဲ့ သူ။ ဒီကမ္ဘာကြီးပေါ်မှာ "စာ" ဆိုတဲ့အရာကြီးရှိနေတာကိုက မဖြစ်သင့်တာ..။
"ချီးဖြစ်နေတဲ့ ဘဝမဟုတ်ဘူး၊ မင်းက ဘဝကိုချီးဖြစ်အောင်လုပ်နေတာ.. လူညစ်ပတ်ကောင်ရဲ့"
YOU ARE READING
Fu!king BestFRIEND : FBF
FanfictieJeon JungKook X Kim TaeHyung 26122022- |LivoniaKim|