ကျွန်တော့်ရင်ခွင်ထဲမှာ အချိန်အတော်အတန်ကြာအောင်အထိငိုနေခဲ့တဲ့ TaeHyung..
JungKook မလှုပ်မယှက်ဘဲ အချိန်အတော်အတန်ကြာသည်အထိ TaeHyung ကို ရပ်ကာ ထွေးပွေ့ထားခဲ့သည်။
"TaeHyung.. ပျော်ပျော်နေမှဖြစ်မယ်မဟုတ်လား.. မင်းမပြုံးရင် အဲဒီကောင်ကိုငါသွားဆွဲထိုးတော့မယ်"
ကုတင်ပေါ်မှာအသက်မဲ့စွာငုတ်တုတ်ထိုင်နေသည့် TaeHyung ကို အင်္ကျီဝတ်နေရင်းကနေ JungKook လှမ်းပြောလိုက်မိသည်။
"သူမို့လို့လုပ်ရပ်တယ်.. ကျောင်းတွေပြန်ဖွင့်ခံနီးပြီမို့လို့ သူအလုပ်မအားဘူးထင်နေခဲ့တာ.. သူက နောက်ဆုံးနှစ်မဟုတ်လား.. ငါတို့အဆက်သွယ်ပြတ်နေတဲ့ နှစ်ပတ်လောက်အတွင်းကို သူဘယ်လိုလုပ်ရပ်ရတာလဲ"
"ကျစ် Kim TaeHyung! မင်းရဲ့ ဒီပုံစံကိုငါမမြင်ချင်ဘူး! နည်းနည်းပါးပါးအသိစိတ်ဝင်စမ်းပါ! မင်းက ပျော့ညံ့တဲ့ကောင်လား!"
ကုတင်ဆီကိုလျှောက်သွားလိုက်ပြီး TaeHyung ရဲ့ ပခုံးနှစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်ကာ JungKook အဆက်မပြတ်ဆွဲလှုပ်ပစ်မိသည်။
TaeHyungသူချစ်နေတဲ့သူနဲ့အတူတူနေနေတာကို ဘေးနားကနေ တိတ်တဆိတ်စောင့်ကြည့်နေခဲ့တာ TaeHyung ဒီလိုတွေ မျက်ရည်ကျနေဖို့အတွက် မဟုတ်ပေ။
"Jeon JungKook! မင်းဘာမှနားမလည်ဘူး! မင်းက ချစ်ဖူးတဲ့ကောင်မှမဟုတ်တာ! ငါ့ကိုဒီလိုမျိုးတွေလာအော်နေရအောင် မင်း ဘဝမှာ လူတစ်ယောက်ကို ချစ်ခဲ့ဖူးလို့လား!"
ကုတင်ပေါ်က TaeHyung က မျက်ရည်တွေကြားတည်းကနေ JungKook ကို ပြန်အော်ဟစ်သည်မို့ JungKook နာကျင်စွာဖြင့် ပြုံးလိုက်မိသည်။
"ငါချစ်ဖူးတယ် TaeHyung.. ငါကရိုးရိုးတန်းတန်းချစ်ခဲ့တာတောင်မဟုတ်ဘူး၊ စွဲစွဲလမ်းလမ်းချစ်ခဲ့တာ၊ ငါ့နှလုံးသားတစ်ခုလုံးကိုလည်း ငါရင်းခဲ့တယ်.. ငါက မင်းထက်ပိုပြီး ချစ်ခဲ့ဖူးတယ် Kim TaeHyung"
JungKookက TaeHyung ရဲ့ မျက်ရည်တွေရစ်ဝိုင်းနေသည့် မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်ကာ ခပ်တိုးတိုးရေရွတ်လိုက်မိသည်။
ရုန်းကန်နေတဲ့ TaeHyung က လှုပ်ရှားမှုတွေရပ်တန့်သွားပြီးနောက် မေးခွန်းတွေပြည့်နှက်နေသည့် မျက်နှာဖြင့် ကျွန်တော့်အား စိုက်ကြည့်သည်။
YOU ARE READING
Fu!king BestFRIEND : FBF
FanfictionJeon JungKook X Kim TaeHyung 26122022- |LivoniaKim|