[Part-6]

3.1K 370 146
                                    

တီချယ် ခရီးသွားတဲ့ရက်တွေမှာ TaeHyungက သူ့အိမ်သူပြန်မကပ်။ JungKookအိမ်မှာသာနေသည်။ အဖေကလည်း အိမ်မှာ မရှိတဲ့အချိန်များတာမို့ TaeHyung ကိုလည်း မဆူနိုင်ပေ။

နောက်ပြီး အဖေက Jeon JungKook နဲ့ဆိုရင် သူ့ကို သိပ်စိတ်ချသည်လေ။

ကျောင်းပိတ်ရက်ရာသီတွေက လတွေအများကြီးကျော်လွန်ပြီးတဲ့နောက်မှာ ကုန်ဆုံးခဲ့ပြီ။

TaeHyung တို့ ခြောက်ယောက်လုံးက Seoul University ရဲ့ Art Major ကို ဆိုက်ဆိုက်မြိုက်မြိုက်။

တကယ်တော့ စစ်မှန်တဲ့ သူငယ်ချင်းအစုအဖွဲ့တစ်ခုရဖို့ဆိုတာက သူတို့အားလုံးရဲ့ အကျင့်စရိုက်အပြင် ကံကြမ္မာရဲ့ မျက်နှာသာပေးမှုတွေကလည်း လိုသေးတယ်။

သူတို့ ခြောက်ယောက်ကတော့ အရာရာကနေ ပြည့်စုံနေခဲ့လို့ မူကြိုကတည်းကနေ တက္ကသိုလ်အထိ ခင်မင်နေကြတာပင် ဖြစ်မည်။

တက္ကသိုလ်ဆိုတဲ့ နယ်မြေကို ခြေလှမ်းရတော့မှာမို့ TaeHyung က စိတ်ထဲကနေ သိပ်ပျော်ရွှင်နေရသည်။

စိတ်လှုပ်ရှားမှုကလည်း ဟိုးအမြင့်ဆုံးမှာ။

အခု‌ဆိုရင် ကျောင်းပိတ်ရက်မှာ Art Class တက်ခဲ့တဲ့အကျိုးကြောင့် TaeHyung က Art Commission တွေလက်ခံပြီး ကိုယ့်ပိုက်ဆံလည်း ကိုယ်သုံးရင်း အဖေ့ကိုလည်း အနည်းငယ် ပြန်ထောက်ပံ့နိုင်နေပြီ။

တကယ်တော့ TaeHyung တို့ သူငယ်ချင်းတွေထဲမှာ TaeHyung က သိပ်မပြည့်စုံတဲ့ လူတစ်ယောက်အနေနဲ့ မွေးဖွားခဲ့တာ။

အဖေက အစိုးရဝန်ထမ်းပေမယ့် TaeHyung တို့အတွက်တော့ စားလောက်.. နေလောက်.. ပါသည်။ သို့ပေမယ့် ငွေအပိုလျှံတော့မရှိခဲ့။

အခုလိုမျိုး အဖေ့ကို သူ့လုပ်အားနဲ့ပြန်ထောက်ပံ့နိုင်ခဲ့တော့ ငွေပိုငွေလျှံက ထွက်လာသည်မို့ TaeHyung ကတော့ ပျော်ရသည်။

အခုတော့ TaeHyung အိမ်ကိုပြန်ရောက်နေသည်။

မနက်ဖြန် တက္ကသိုလ်တက်ရတော့မှာက တစ်ကြောင်း။ သူတို့ သူငယ်ချင်းအားလုံး မေဂျာတစ်ခုထဲ ရတာကတစ်ကြောင်း။ အပျော်လွန်ပြီး ညစာစားပွဲကို သွားနေကျ တော့ပိုကီဆိုင်မှာ လုပ်တာပင်။

Fu!king BestFRIEND : FBF Where stories live. Discover now