[Part-22]

4.7K 455 139
                                    

"အဟမ်း.."

သူတို့နှစ်‌ယောက်တစ်ယောက်ကိုတစ်ယောက်တင်းကြပ်စွာဖက်ထားနေရင်းကနေ ချောင်းဟန့်သံတစ်ခုကြောင့် TaeHyung က သူ့ရင်ခွင်ထဲကနေ လှုပ်လှုပ်ရှားရှားရုန်းကန်လာသည်။

"Jun..JungKook ငါဘာတွေလုပ်လိုက်မိပြီလဲမသိဘူး.. မင်း.. မင်းကောင်မလေး.. Suu.. ငါတောင်းပန်ပါတယ်.. အာ.. အဲဒါ.. ဘယ်လိုရှင်းပြသင့်တာလဲ.. အာ.. ငါတကယ် အားနာပါတယ်.. ငါတို့က"

JungKook ကို တွန်းထုတ်လိုက်ပြီး အယောင်ယောင်အမှားမှားဖြစ်နေသည့် TaeHyung ကြောင့် Suuနဲ့ သူက တစ်ယောက်မျက်နှာတစ်‌ယောက်ကြည့်ရင်း ခပ်တိုးတိုးရယ်မိသည်။

ကျွန်တော်တို့နှစ်ယောက်ကြားတည်းမှာ ကြောင်စီစွာဖြင့်ရပ်နေသည်က TaeHyung..

"မင်းတို့ငါ့ကိုဘာတွေဖြစ်နေတာလဲ ပြောပါဦး.. Suuဘာလို့ရယ်နေတာလဲ.. JungKook ဘာဖြစ်နေတာလဲ"

TaeHyung က နှစ်ဖက်စလုံးကို ခေါင်းလှည့်နေမိကာ အယောင်ယောင်အမှားမှား။

ကျွန်တော့်ပခုံးကိုဆက်ခနဲဆွဲဖက်လိုက်တဲ့ JungKook..

TaeHyung ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားရသည်။
"JungKook.. Suuရှိ.."

"ရား..နင်ပြန်တော့ရပြီ"

"ဟင်.."
အာမေဋိတ်သံတစ်ခုက TaeHyung ဆီကဖြစ်သည်။

ကျွန်တော့်ကိုပြုံးပြီးကြည့်နေတဲ့ Suu..
"အမလေး.. ပြန်မှာ၊ နင် ငါ့လူရွေးပွဲနေ့ကျရင်သာ Brandကောင်းကောင်းတွေပို့ပေးဖို့မမေ့နဲ့.. InYoupတို့ထက်ငါကပိုများရမှာနော်၊ အဲဒီနေ့ TaeHyung ကိုခေါ်ပြီးလာနိုင်ရင် လာခဲ့.. TaeHyung ရေ.. တို့သွားပြီနော်.. ကျန်တာက ရှင့်ချစ်သူအသစ်ကလေးရှင်းပြလိမ့်မယ်.. ကံကောင်းကြပါစေ.. ပြီးတော့ JungKook ကိုသံသယမဖြစ်နဲ့.. သူက တကယ်ချစ်နေမိတာမှ အကြီးအကျယ်ပဲ.."

TaeHyung နဲ့ JungKook ကို ပြုံးရယ်ကာ နှုတ်ဆက်ပြီး ထွက်သွားတဲ့ Suuကိုကြည့်နေရင်း TaeHyung က တုပ်တုပ်မျှမလှုပ်နိုင်။

TaeHyung က ဦးနှောက်ကို အလျင်အမြန်အလုပ်ပေးနေမိပြီး JungKook ကိုလည်း ဘာစကားတစ်ခွန်းမှ မဆိုဖြစ်။

InYoup တို့ထက်ပိုများရမယ်။ လူရွေးပွဲ..။ Brand ကောင်းကောင်းတွေ။

Fu!king BestFRIEND : FBF Where stories live. Discover now