[Part-1]

6.7K 510 108
                                    

မူလတန်းကျောင်းရဲ့ ကလေးတွေ စာသင်ခန်းထဲမှာ။ အားလပ်ချိန်မို့အတန်းထဲ ဗြောင်းဆန်နေအောင် ဆူညံလွန်းလှသည်။

"တီချယ်ရေ၊ Jeon JungKook က သမီးဆံပင်ကို ဆွဲဆောင့်တယ်"
ငိုယိုပြီး ရောက်လာတဲ့ ChaeYoung..

ပြာပြာသလဲနဲ့ သူ(မ) မတ်တပ်ထရပ်လိုက်မိသည်။ မနက်က သပ်သပ်ရပ်ရပ်နဲ့စည်းလာတဲ့ ကလေးမရဲ့ ဆံပင်တွေက ပွယောင်းလို့နေတော့သည်။

"TaeHyungကို သမီး သွားစလိုက်သေးလား"

ChaeYoungကို တံတောင်လေးကနေ အသာလေးဆွဲခေါ်ပြီး ဆံပင်တွေကို ပြန်စည်းပေးနေမိသည်။

ခေါင်းညိတ်တဲ့ ကလေးမကြောင့် သူ(မ) သပ်ပြင်း ခပ်ဖွဖွချမိသည်။

Jeon JungKookဆိုတဲ့ သူ(မ)ရဲ့ တူက သူ့ဘာသာဆို သိပ်ငြိမ်သ‌လောက် အိမ်ရှေ့အိမ်က TaeHyungဆိုတဲ့ ကောင်လေးနဲ့ ပတ်သတ်ရင်တော့ သိပ်ဆိုးသည်။

"တီချယ်က Jeon JungKookကို ရိုက်လိုက်မှာမို့ နောက်တစ်ခါတော့ TaeHyungကို သွားမစနဲ့တော့နော်"

သူ(မ)ရဲ့ ဆုံးမစကားကို ကလေးမက နားရည်ဝနေသကဲ့သို့ ခေါင်းတဆတ်ဆတ်ညိတ်သည်။

ဒီစကားကို အတန်းထဲက ကလေးတိုင်းကို တစ်ယောက်ကိုတစ်ခေါက်တော့ သူ(မ) ပြောဖူးသည်။

TaeHyungက ချစ်စရာကောင်းတာမို့ ကလေးတိုင်းက တုန်နေအောင်ချစ်ကြသည်။

ဒါကြောင့်မို့ သိပ်အသည်းယားတဲ့လူတွေဆို ပါးကိုဆွဲညစ်လိုက်၊ လက်ကိုဆွဲညစ်လိုက်နဲ့ အမျိုးမျိုး အဖုံဖုံလုပ်ကြသည်။

TaeHyungရဲ့ အသားက နုနုကလေးမို့ ကလေးအားနဲ့ဆိုတာတောင် သူမခံနိုင်တော့ရင် ငိုသည်။

TaeHyung အဲလိုငိုတာနဲ့ Jeon JungKookက အဲလိုရိုက်ထည့်တတ်နေကျ ဖြစ်သည်။

"Jeon JungKook"
ဆူပုတ်ပုတ်နဲ့ အတန်းရှေ့ကို ရောက်လာသည်။

JungKookအင်္ကျီစကို အနောက်ကနေ လိုက်ဆွဲပြီး ကုတ်ကုတ်ကလေးနဲ့ TaeHyungက ပါလာခဲ့သည်။

ရင်းနှီးနေကျအဖြစ်ပျက်ကို သူ(မ) အံ့ဩ၍ မနေတော့ပေ။

"ChaeYoungဆံပင်ကို ဘာလို့ဆွဲ‌ဆောင့်လိုက်တာလဲ"

Fu!king BestFRIEND : FBF Where stories live. Discover now