[Part-3]

3.9K 426 78
                                    

ဒယ်ဂူက ရာသီဥတုက ဆိုးလ်နဲ့ သိပ်မကွာပေ။ ဆောင်းရာသီမို့ အနည်းငယ်တော့ နေ၍ ကောင်းသည်။

ပြတင်းပေါက်မှာ မေးထောက်ပြီး ထိုင်နေမိရင်း ဆိုးလ်မှာ ကျန်ခဲ့တဲ့ သူငယ်ချင်းတွေ အကြောင်းကို တွေးနေမိသော်လည်း ထုံးစံအတိုင်း JungKookအကြောင်းကတော့ ခပ်များများဖြစ်သည်။

ငယ်ငယ်ထဲက ပုခုံးဖက်ပေါင်းလာတဲ့ အချစ်ဆုံးသူငယ်ချင်းက အနားမှာမရှိတော့ အရာအလုံးက ခြောက်ကပ်ပျင်းရိစရာကောင်းနေတော့သည်။

ပြတင်းပေါက်ကနေ လှမ်းမြင်နေရတဲ့ ဟိုဘက်ခြံက စတော်ဘယ်ရီအခင်းကြီးကို ကြည့်မိတိုင်း Jeon JungKookသာ ရှိနေရင် ခြံစည်းရိုးကို ကျော်တက်ပြီး ကျွန်တော်တို့ အသီးတွေ ခိုးပြီးခူးစားကြမှာ လို့ တွေးနေမိတာ ဒီကို စရောက်ကတည်းက။

ဒီလိုပဲ ငယ်ငယ်တည်းက ကျွန်တော်တို့နှစ်ယောက်က စည်းကမ်းဖောက်ရင်း ဗရုတ်ကျရတာကို ကြိုက်တာချင်း တူညီခဲ့တော့ ဘယ်နေရာရောက်ရောက် ပြသနာတက်နိုင်မယ့်အရာလေးဆို သူ့ကို အရင်ဆုံးသတိရတာပါပဲ။

အဖေကတော့ “JungKookအစား ဝမ်းသာတယ်၊ မင်းရဲ့ ဒဏ်တွေ မခံရတော့ဘူးပေါ့” တဲ့။

တကယ်တမ်း ကျွန်တော်တို့ ဒယ်ဂူကို ထွက်လာတဲ့နေ့က ပစ္စည်းတွေ ဝိုင်းသယ်ပေးရင်း မျက်ရည်တွေ ဝေ့သီနေခဲ့တဲ့ Jeon JungKookကိုမြင်ရင် အဖေလည်း အဲဒီစကားကို ပြောနိုင်မယ် မထင်။

JungKookမရှိဘဲ တစ်ယောက်တည်း ကျောင်းတက်ရတဲ့နေ့တွေက တကယ်ကို အဆင်‌မပြေခဲ့။

အတန်းအတူတူပြေးမယ့် ကောင်မရှိတော့ စိတ်မပါလည်း စာသင်။ စိတ်ပါလည်း စာသင်။

အထက်တန်းပြီးခံနီးမှ နှစ်စကနေ အဲဒီကောင်နဲ့ အတူတူလိုက်မလုပ်လာတဲ့ စာတွေကို တစ်ယောက်တည်း ပြန်လုပ်ရတော့ လူကအတော်လေး အီလည်လည်။

ဆေးလိပ်ခိုးသောက်ပေးမယ့် ဆိုးဖော်ဆိုးဖက်လေးလည်း မရှိတော့တာမို့ ဆေးလိပ်လည်း မသောက်နိုင်တော့။

ဒါကို ကျွန်တော်ပြောတော့ အဲဒီအကောင်က “တစ်ယောက်တည်း အပြစ်ဒဏ်ခံရမှာ ဆိုးလို့မလား” ဆိုတဲ့ သောက်မြင်ကပ်စရာစကားတစ်ခွန်းကို အရင်အပတ်က စာထဲ ထည့်ရေးလိုက်သေးတယ်။

Fu!king BestFRIEND : FBF Where stories live. Discover now