[Part-2]

4.1K 441 75
                                    

ချမ်းအေးအေးဆိုးလ်မြို့ရဲ့ ည။

JungKook တို့ အိမ်ရဲ့ခြံဝန်းထဲမှာ ဒူးထောက်နေရတဲ့ ကျွန်တော်တို့ လေးယောက်။

မိန်းကလေးနှစ်ယောက်ဖြစ်တဲ့ ChaeYoungနဲ့ Momoကိုတော့ ညမိုးချုပ်နေပြီမို့ ပြန်လွှတ်လိုက်ပြီ‌ဖြစ်သော်လည်း ယောင်္ကျားလေးဖြစ်တဲ့ ကျွန်တော်တို့လေးယောက်ကတော့ အပြစ်ပေးခံရသည်။

ဂိမ်းဆိုင်ကနေ ညနက်ကြီးမှ ပြန်လာတာမို့ အပြစ်ပေးခံရမယ်မှန်းသိပေမယ့် ညဘက်ကြီးခြံထဲမှာ မစာမနာဒူးထောက်ခိုင်းလိမ့်မယ်လို့တော့ TaeHyung မထင်ခဲ့ပါ။

“အဲဒါ ဟို မျိုးမစစ်အုပ်စုကြောင့်.. စက်ဘီးနဲ့သာပြန်လာနိုင်ရင် ဒီလောက်နောက်ကျနှ ရောက်မှာမဟုတ်ဘူး”

InYoupရဲ့ ခပ်ကြိတ်ကြိတ်အသံကြောင်ပ ဒူးထောက်..လက်မြှောက်ထားရာကနေ ကျွန်တော်တို့ သုံးယောက် ခေါင်းပြိုင်တူညိတ်လိုက်မိသည်။

EunWooက..
“မနက်ဖြန်ကျရင် အသေလုပ်ပစ်မယ် ကြည့်နေ..”

“ပြစ်ဒဏ်ခံနေရတာတောင်မှ မမှတ်သေးဘူး.. မနက်ဖြန်ချက်ချင်းသွားထိုးတော့ ငါ့အဒေါ်ကြိမ်လုံးက မင်းတင်ပါးပေါ်ရောက်လာမှာပေါ့ Cha EunWooရဲ့”

သက်ပြင်းပြိုင်တူချလိုက်မိကြတဲ့ ကျွန်တော်တို့။

“ငါအေးနေပြီ..”

နှာခေါင်းထိပ်တွေနီရဲပြီး မြှောက်ထားတဲလက်ကိုခဏချကာ အချင်းချင်းပွတ်တိုက်ရင်း ပြော‌တဲ့ TaeHyung က စကားပြောရင်း ပါးစပ်က‌လည်း အငွေ့တွေ ထွက်နေပြီဖြစ်သည်။

“အရမ်းချမ်းနေပြီလား.. မင်းက ဆောင်းတွင်းမှာသာမွေးတာ.. အအေးဒဏ်ကျတော့ တစ်စက်မှ မခံနိုင်ဘူး”

TaeHyung ရဲ့လက်တွေကို အပေါ်ကနေ အုပ်ကိုင်ပြီး အာငွေ့ပေးတော့ ကိုယ်လေးကျုံ့ရင်း ဂရုစိုက်ခံရှာသည်။

“ဆောင်းတွင်းမှာမွေးတိုင်း ‌အအေးဒဏ်ခံနိုင်ရောလား.. ငါက နှင်းလူသားလည်း မဟုတ်ဘူး”

သူ့အကျင့်အတိုင်း ပက်ခနဲ..ပက်ခနဲ.. ပြန်ပြောပြန်သည်။

JungKook ကတော့ အဲဒီအသံကို စိတ်မဆိုးနိုင်ဘဲ TaeHyung ဆီက ရန်တွေ့မခံရတဲ့နေ့တွေဆိုရင်တောင် တစ်စက်ကလေးမှ မနေတတ်။

Fu!king BestFRIEND : FBF Where stories live. Discover now