[Part-4]

3.6K 397 74
                                    

TaeHyung စားနေကျစား‌သောက်ဆိုင်ဖြစ်တဲ့ ကိုရီးယားအစားအစာတွေရောင်းချသည့် ညဈေးက ဆိုင်လေးကို သူတို့အားလုံးအားခေါ်လာခဲ့လိုက်သည်။

JungKook ပေးထားတဲ့ Lilac ပန်းစည်းကို ပိုက်ပြီး ဆိုင် လာတဲ့ တစ်လျှောက်လုံး လမ်းလျှောက်လာရတာမို့ နည်းနည်းတော့ အသားမကျခဲ့ပေ။

ယောင်္ကျားလေးတစ်ယောက်က ပန်းစည်းကိုင်ပြီး ညဈေးမှာ လမ်းလျှောက်တာ နည်းနည်းတော့ထူးဆန်းတယ် မဟုတ်လား။

“ TaeHyung က ပဲခေါက်ဆွဲ.. ဝက်သားအကြွပ်ကြော်၊ ငါက ပင်လယ်စာခေါက်ဆွဲ.. ပြီးတော့ ရေညှိထမင်းလိပ်.. TaeHyung.. ကိုလာ ‌သောက်ဦးမယ်မလား..”

“သောက်မှာပေါ့”

“ဒါဆို ကိုလာ တစ်ဘူး”

Menu ကိုင်ပြီး ကိုယ်စီကိုယ်စီ မှာကြဖို့လုပ်ပေမယ့် ထိုင်ခုံမှာ ထိုင်ထိုင်ချင်း ဘာမှမကြည့်ဘဲ ‌TaeHyungကို ရေတစ်ခွက်ထည့်၍ ကမ်းပေးကာ ပြောလိုက်တဲ့ JungKook စကားကို အားလုံးကမထူးဆန်းတော့သလိုမျိုးပဲ ခေါင်းညိတ်လိုက်ကြသည်။

JungKook က TaeHyung နဲ့ ပတ်သက်ရင် Aကနေ Zအထိ သူအကုန်လုံးသိသည်။

TaeHyung ရဲ့ အရိပ်လိုမျိုး အနောက်ကနေ တစ်ကောက်ကောက်လိုက်ပြီး TaeHyung ရဲ့ကိုယ်စောင့်နတ်လိုမျိူးလည်း တစ်ဖဝါးမှမခွာဘဲ စောင့်ရှောက်ပေးတတ်သည်မှာ ငယ်စဉ်ကတည်းက။

TaeHyung ကိုယ်တိုင်‌တောင်မသိတဲ့ TaeHyung ရဲ့ အမူအကျင့်တွေ.. လုပ်နေကျ အပြုမူတွေ.. ဒါတွေအကုန်လုံးကို JungKook က ဦးနှောက်ထဲမှာ အပြည့်အကျပ်သိမ်းထားတတ်၏။

“ကျောင်းပြီးသွားပြီဆိုတော့ နင်တို့တွေ ကျောင်းပိတ်နေတုန်း ဘာလုပ်ဖို့ စဉ်းစားထားကြလဲ”

စားစရာတွေအကုန်လုံးကို မှာပြီးတဲ့နောက် စကားအရင်ဆုံးစ,လိုက်တဲ့သူက ChaeYoung ဖြစ်သည်။

“ငါနဲ့ Momoက တိုင်ပင်ထားပြီးသားလေ.. Dance Classသွားတက်မှာ”

“ပြီးတော့ မင်း ငါနဲ့အတူတူ Art Classလိုက်တက်မယ်လို့ပြောထားတယ်နော် JungKook”

TaeHyung က ကျွန်တော့်ပခုံးကို သူ့ပခုံးနဲ့ ခပ်ပြင်းပြင်းလာတွန်းပြီးပြောတဲ့ စကားကို ရယ်မောရင်း ခေါင်းညိတ်လိုက်မိတဲ့ သူ။

Fu!king BestFRIEND : FBF Where stories live. Discover now