လိုက်ကာကြားထဲမှအခန်းအတွင်းသို့ ခပ်ဖျော့ဖျော့ကျရောက်လာသည့် မနက်ခင်း၏ရောင်ခြည်ကြောင့် TaeHyung အိပ်ယာမှာ ထထိုင်လိုက်မိသည်။
ပြတင်းပေါက်ဆီသို့လျှောက်သွားခဲ့ပြီး လိုက်ကာစ,ကို ဖယ်ခွာလိုက်တော့ အိမ်ရှေ့အိမ်က မျက်နှာချင်းဆိုင်အခန်းထဲကနေ ကျွန်တော့်အခန်းကိုစိုက်ကြည့်နေတဲ့ Jungkook..
တစ်ချက်လန့်သွားသော်လည်း ကျွန်တော့်ကိုမြင်သည်နှင့်ဘာမှမဖြစ်သလိုမျိုး လှည့်ထွက်သွားသည့် Jungkook ကြောင့် အကျောခံလိုက်ရသလိုမျိုး ခံစားချက်။
TaeHyung လိုက်ကာစကို ပြန်ပိတ်ကာ ဆွဲဆောင့်လိုက်မိသည်။
မနေ့ညက အဲဒီကောင်နဲ့ ဖုန်းပြောပြီးရန်ဖြစ်ခဲ့ကြရသည့်ကိစ္စက ခေါင်းထဲဝင်လာပြီး ခုနက သူ့အပေါ်၌ ပြုလုပ်သွားသည့်အပြုအမူကြောင့် သူဒေါသထွက်ရပြန်သည်။
ဘာမှဆက်မတွေးချင်တော့၍ အဲဒီနေရာမှ ထွက်လာကာ ရေချိုးဖို့ပြင်ဆင်လိုက်သည်။
ဒီနေ့လည်း ကျွန်တော်တစ်ယောက်တည်းသာလျှင် ကျောင်းသွားရဦးမည်ထင်ပါသည်။
“မောနင်း.. TaeHyungie.. မင်းကြိုက်တတ်တဲ့ ပေါင်မုန့်အသားညှပ်လုပ်ပေးနေတာ.. ဦးလေးကတော့ အလုပ်အစောကြီးသွားပြီ”
အဖေရှိသည်အထင်ဖြင့် မီးဖိုချောင်ထဲကိုဆင်းလာတော့ မီးဖိုချောင်ထဲမှာ အေပရွန်ဝတ်ရင်း ကျွန်တော့်အတွက် မနက်စာပြင်ပေးနေသည့် သူ(မ)နှင့် ဆုံသည်။
“အာ.. ကျေးဇူးပါ 'မ'.. ခရီးကရောက်တာကို အေးဆေးလေးအိပ်တာမဟုတ်ဘူး.. ပုံမှန်ဆိုရင် 'မ' က အိပ်ပုတ်ကလေးပါ..”
ကျွန်တော် ရယ်သံကလေးနှောကာစနောက်ပြောရင်းဖြင့် ထိုင်ခုံမှာဝင်ထိုင်တော့ သူ(မ)က မျက်မှောင်ကလေးကြုံ့ရင်း ကျွန်တော့်ကို လှည့်ကြည့်သည်။
“TaeHyungie.. အဲဒါအရင်တုန်းကလေကွာ.. အခု တို့က လူကြီးဖြစ်နေပြီ.. မင်းနဲ့တို့နဲ့ နောက်ဆုံးတွေ့ခဲ့တာကိုလည်းပြန်တွေးကြည့်ပါဦး.. မင်းအလယ်တန်း နောက်ဆုံးနှစ်တုန်းကရယ်ပါ..”
ကျွန်တော့်ကိုမကျေနပ်သလိုလေး ပြန်ချေပကာ ကျွန်တော့်အတွက် မုန့်ပန်းကန်နဲ့ ကော်ဖီခွက်ကလေးလာချပေးကာ ကျွန်တော့်မျက်စိရှေ့မှာ လက်တစ်ဖက်က စားပွဲကိုထောက်၍ နောက်တစ်ဖက်က ကျွန်တော့်ထိုင်ခုံနောက်ကျောကို ကိုင်ထားကာ ဘေးတစ်စောင်းအနေအထားဖြင့် ကျွန်တော့်ကို အုပ်မိုးနေသယောင်နေနေသည့် သူ(မ)။
YOU ARE READING
Fu!king BestFRIEND : FBF
FanfictionJeon JungKook X Kim TaeHyung 26122022- |LivoniaKim|