[Part-20]

4K 446 119
                                    

TaeHyung မနေ့ညကအိမ်မပြန်ဖြစ်။ JungKook တိုက်ခန်းက JungKook အိပ်ခန်းထဲမှာသာ တစ်ယောက်တည်းကျန်နေခဲ့ရင်း အချိန်တွေကုန်ဆုံးခဲ့ရသည်။

ဧည့်ခန်းထဲကိုထွက်လာ‌တော့ စောင်တွေ၊ ခေါင်းအုံး‌ တွေနဲ့ JungKookက အဲဒီဆိုဖာပေါ်မှာထိုင်ကာ ဖုန်းထိုင်သုံးနေသည်။

တစ်ချက်ပဲမော့ကြည့်ပြီး ဖုန်းကိုအာရုံပြန်လွှဲသွားသည်မို့ TaeHyung မနေတတ်ပေ။

“JungKook..”

သူ့အနားကိုလျှောက်မသွားနိုင်ဘဲ အခန်းတံခါးဝလေးမှာတင်ရပ်နေကာ ကျွန်တော်ခေါ်လိုက်တော့ နောက်ထပ်တစ်ကြိမ်မော့ကြည့်သည်။

“ငါ.. ငါခေါင်းကိုက်နေလို့”

အသံခပ်တိုးတိုးလေးနဲ့သူ့ကိုပြောတော့ သူ့အနားကိုလျှောက်လာသည်မို့ TaeHyung က ပြုံးလိုက်မိသည်။

သို့သော်ထိုအပြုံးကကြာရှည်မခံပေ။

ကျွန်တော့်လက်ကိုဆွဲယူပြီး လက်ထဲကိုဆေးကဒ်တစ်ခုထည့်ပေးသည်။

“ဟင်..”

“သောက်လိုက်”

ထိုစကားနှစ်လုံးသာပြောပြီး ဆိုဖာဘက်သို့ပြန်ထွက်သွားသည့် JungKook..

TaeHyung ထိုနေရာမှာတင်တောင့်ခဲပြီးပ
ကျန်နေခဲ့သည်။ အရင်ကဆိုလျှင် ကျွန်တော့်ကိုခြင်ကိုက်သွားလျှင်တောင် ဆေးကိုယ်တိုင်ထည့်ပေးတတ်တဲ့ JungKook ရယ်ပါ။

ခေါင်းကိုက်တာ.. ကိုယ်လက်နာတာ.. ဖျားတာမျိုးဆိုလျှင် ပြောမဆုံးနိုင်အောင် ဆုံးမ‌ဩဝါဒခြွေပြီး ကျွန်တော့်အနားမှာ တောက်တဲ့လို့ကပ်နေတတ်တဲ့ JungKook ရယ်ပါ။

TaeHyung က ဆိုဖာပေါ်မှာ သစ်စိမ်းချိုး ချိုးကာ ထိုင်နေနိုင်သည့် JungKook ကိုကြည့်ရင်း မျက်ရည်ကျလာရပြန်သည်။

ငါတို့သူငယ်ချင်းပြန်ဖြစ်ဖို့မဖြစ်နိုင်တော့ဘူးလား..။

TaeHyung က စိတ်ထဲကနေ ထိုစကားအားရေရွဋတ်လိုက်မိသော်လည်း အပြင်ဘက်သို့ထုတ်မပြောနိုင်ခဲ့။

မနေ့ညက ဘယ်ဟာကနေစပြီး ဘာတွေဘယ်လိုမှားယွင်းသွားခဲ့တာလည်း ဆိုတာကို သူစဉ်းစား၍ မရတော့ပေ။

Fu!king BestFRIEND : FBF Where stories live. Discover now