အချစ်ဆိုတာကို ဘာမှန်းမသိခဲ့တဲ့ အရွယ်ကစပြီး စချစ်မိခဲ့တာက မင်း။
___________________________
“ လူတိုင်းမှာ အချစ်ဦးရယ်ဆိုပြီး ရင်ထဲရောက်ခဲ့တဲ့ အမျိုးသား/အမျိုးသမီးလေးတွေရှိမှာပါ။ တချို့ကတော့အဲ့အချစ်ဦးနဲ့ တစ်သက်လုံးမြဲခဲ့တယ်။ တချို့တွေကတော့ မမြဲဘူး။ တချို့တွေကကြပြန်တော့လဲ အချစ်ဦးကိုရင်ထဲပဲထည့်သိမ်းပြီး အဝေးကပဲကြည့်နေခဲ့တယ်။
ကျွန်မကကြတော့ အဲ့အမျိုးအစားသုံးခုစလုံးထဲပါတယ်။ ရှုပ်သွားမလားတော့မသိဘူး။ ဒါပေမယ့် ကျွန်မရဲ့ အချစ်ဇာတ်လမ်းလေးကို သိသွားရင်တော့ ရှင်တို့နားလည်လောက်မှာပါ။
ကျွန်မလဲငယ်ငယ်ကတော့ ငါအချစ်ဦးနဲ့တွဲဖြစ်ရင်ဘယ်လိုလုပ်မယ် ဘယ်တွေဒိတ်မယ်ဆိုပြီး တွေးခဲ့ဖူးတယ်။ ဒါပေမယ့်လေ ဟင့်အင်း အဲ့လိုတွေလုပ်ဖို့အချိန်မရလိုက်ခင် အချစ်ဦးဆိုတာတောင် ကျွန်မဘယ်သူမှန်းမသိခဲ့တာ။ တကယ်တမ်းလဲသိရော အချစ်ဦးရှာပုံတော်ဖွင့်ရရော။
ကျွန်မရဲ့အချစ်ရေးကလား? အင်း ရှာမယ်ကြံတော့ အဲ့အချစ်ဦးနဲ့ တိုက်တိုက်ဆိုင်ဆိုင်ပြန်တွေ့တယ်လေ။ အို ကိုရီးယားဒရာမာကားတွေထဲကလို ချိုချိုမြိန်မြိန်လေးဖြစ်မယ်လို့ စိတ်ကူးတွေယဉ်ခဲ့ဖူးတာပေါ့။ တကယ်ဖြစ်လားဆိုတော့လဲ ဟင့်အင်းပဲ။ ဘာလို့ဆိုကျွန်မက သူ့ထက်ယောင်္ကျားဆန်နေလို့။ အဲ့တာထက် ကျွန်မတို့ဘဝတွေက ဒေါ်အေးအေးဝင်းစီစဉ်သည် မှမဟုတ်တာ။ အခက်အခဲတွေအများကြီးကျော်ဖြတ်လာရတာပေါ့နော်။ ဘဝအမောပြေလေး ‘သူ’ရှိနေတော့လဲ ဘာမှမကိုမမှု...”
“ရှင်းရှင်းရေ ဘာတွေပြော”
“အော် ဘာရယ်မဟုတ်ပါဘူး ကိုယ်တို့အကြောင်းပြောနေတာ ဒါနဲ့နေစမ်းပါအုံး အချစ်ရဲ့လက်ကဘာဖြစ်တာလဲ”
“ကြက်ဉကြော်ရင်းဆီပူပေါက်တာ”
“ဘာ အဲ့တာဘာလို့ဆေးမလိမ်းတာလဲ ခနလေး ခနလေး ဆေးဘူးသွားယူအုံးမယ် ဒီကောင်လေးကတော့”
“သူကတော့အဲ့တိုင်းပဲဗျာ ခင်ဗျားတို့လဲကျွန်တော့်ကြောင့် ဖတ်နေတာတန်းလန်းဖြစ်ရော့မယ် ကဲ ဇာတ်လမ်းပြန်ဆက်ကြမယ်”
YOU ARE READING
Lovelorn ♡ [ Ongoing ]
Romanceမင်းကိုဘယ်လောက်မြတ်နိုးတယ်ဆိုတာ မင်းသိတဲ့တစ်နေ့..... အဲ့နေ့ကျရင် သေချာပေါက် မင်းကိုယ့်ကိုပြန်ချစ်လိမ့်မယ်။ -Han Xing Thu // By Oliva Jun Start - 28th March 2023