Chapter 6

57 4 0
                                    

"ရှင်......စက်ဘုန်း..."

"ဟာ မင်းပဲ"

"ဟင် သမီးတို့နှစ်ယောက်ကသိနေကြတာလား"

"ဟုတ်ပါရဲ့ရှင် သားတို့ကအရင်ထဲကသိနေတဲ့ပုံပဲ"

"မေမေ မေမေ သမီးဒီကိုလာတုန်းက ကားကအဆင်းမှာ လာနှုတ်ဆက်တဲ့ အကိုလေ"

"အော ဟုတ်ပါ့ အခုမှစဉ်းစားမိတယ်"

"ဘာပဲဖြစ်ဖြစ် သမီးတို့ကအရင်ထဲကသိနေတယ်ဆိုတော့ အထွေထူးမိတ်ဆက်စရာမလိုတော့ဘူးပေါ့ကွယ်"

"ဒါနဲ့ အကိုဆိုတော့....."

ဆက်တိုက်တိတ်ဆိတ်နေသည့် ဖေဖေကပါ ဝင်မေးလာသည်။

"ကျွန်တော်က ဧပြီ ၁၀ရက်နေ့မွေး‌တာပါဗျ"

"အော အဲ့လိုလား ကျေးဇူးပါကွယ်"

"သမီးလေးကရောကွဲ့"

"ရှင်းက ၈ရက်၈လလေ ရှစ်ဆယ့်ရှစ်ဆိုတော့မှတ်ရလွယ်တာပေါ့ရှင်"

မေမေကအစားဝင်ဖြေပေးရင်း ပွဲကျသွားတော့သည်။

.

.

.

.

လူကြီးတွေက သူနားမလည်သည့် အကြောင်းအရာများ ပြောနေကြသည်မို့ ခွင့်တောင်းကာ ခြံထဲထွက်လာလိုက်သည်။

အိမ်ရှင်ဒေါ်ဒေါ်နာမည်က 'ရွှန်းလဲ့သော်'တဲ့။ သူ့ခင်ပွန်းကတော့ ညမှပြန်ရောက်မည်ဟု ဆို၏။

ခြံထဲကနေ သူတို့အိမ်ဘက်လှမ်းကြည့်တော့ သူ့အခန်းလေးဟာ ထင်းခနဲမြင်ရသည်။ အညိုရောင်လေးကို တွေ့မိတိုင်း သူ့စိတ်အစဉ်ဟာ အမြဲအေးချမ်းသွားရစမြဲ။

"ဟိတ်"

သူ့နောက်ကျောဘက်မှ ခေါ်သံနှင့်အတူ စက်ဘုန်းပြည့်ဟူသော အနှီလူသားမှာ သူ့နံဘေးသို့လာရပ်သည်။

ဘေးတိုက်မြင်နေရတာကြောင့် သူ၏မျက်နှာတခြမ်းကိုသာ မြင်ရသည်။ ထင်းနေသောနှာတံသည် အဆုံးသတ်တွင် လုံးကာကော့နေ၏။ မထူမပါးနှုတ်ခမ်းတို့ဟာ ကော့တက်နေသ၍ ပြုံးသယောင်ယောင်ဟုထင်ရသည်။

မျက်ခုံးကောင်းကောင်းနှင့် သိပ်မထင်ရှားသော မျက်ရစ်ကလေးပါသော ခပ်ကျဉ်းကျဉ်းမျက်ဝန်းတို့ဟာလည်း လခြမ်းလိုကွေးကွေးကလေးဖြစ်နေပြန်သည်။ အရပ်ကလား? မေးစရာကိုမလို အရင်တုန်းက 5'8"ဖြစ်ခဲ့ဟန်တူသော ထိုလူသည် သူပင်တော်တော် မော့ကြည့်ရအောင် ပိုထွားလာခဲ့သည်ပင်။

Lovelorn ♡    [ Ongoing ]Where stories live. Discover now