Chapter 14

52 2 0
                                    

“ အိ...သီ...ရီ...မောင်...! ”

“ ပြော...လေ...ရှင်း...ရဲ့ ”

သူ မချိတင်ကဲအပြုံးနဲ့ အိကိုလှည့်ကြည့်ပြီး အံကြိတ်သံနဲ့ပြောလိုက်သည်။ ဘယ်လို‌ေတာင် ကြောင်‌တောင်တောင်နိုင်တဲ့ မိတ်ဆက်ခြင်းကြီးပါလဲပေါ့ !

ဒါကို အမတော် အိက သူ့လေသံအတိုင်း စပ်ဖြီးဖြီးနဲ့ စကားပြန်လာပါသည်လေ ... တစ်ကယ့်ကိုမနိုင်စိန်ပါပဲ။

“ တော်ပြီ အိ ပြောင်တာတော်လောက်ပြီ ”

လေသံကိုလျှော့လိုက်သည်။ အရှုံးပေးပါသည်ဆိုသည့် သဘော။

“ အဟား ရပါတယ် ကိုယ်ကလည်း ဒီလိုတက်တက်ကြွကြွမှ သဘောကျတာ ”

“ နော့်လေ activeဖြစ်တော့ ကောင်းတာပဲကို ကိုစက်ဘုန်းရယ် ”

စက်ဘုန်းက ဝင်စကားဆိုသည်တော့ အိက ထောက်ခံသလိုဝင်ပြောသည်။ နှစ်ယောက်သား အဆင်ပြေတော့လည်း သူကဘာပြောစရာရှိသေးမှာမလို့လဲ ? လွှတ်ထားလိုက်ရုံပေါ့လေ။

“ ဒါနဲ့ စက်ဘုန်း အသက်မပြည့်သေးဘူးမလား ? ”

“ အင်း ဟုတ်တယ် ဒါပေမယ့်ကွာ အဟဲ ကိုယ်က 20ကျော်ပုံမပေါက်ဘူးလား ? အကယ်၍ စစ်လို့မိရင်လည်း မိပေါ့ကွာ ”

အော်ဟော် ! လတ်စသတ်တော့ စက်ဘုန်းမှာလည်း ဂျစ်ကန်ကန်စရိုက်လေး ရှိသားပါပဲ...။

“ အဟိ ကြိုက်တယ် ကြိုက်တယ် အိသီရိမောင်က ဒါမျိုးကိုကြိုက်တာ ကဲ ကြာပါတယ်လေ မေမြို့နဲ့ မန္တလေးတစ်ခွင်ပတ်ပြီး သောင်းကျန်းလိုက်ကြစို့ !! ”

ဒါကတော့ တက်တက်ကြွကြွရှိသည် ဆိုသည့် မမအိ၏ အသံစူးစူးဖြစ်ပြီး သူမ၏ စကားဆုံးသည်နှင့် ကားကြီးလည်း ဝူးခနဲ မောင်းထွက်သွားပါတော့သည် ~

------------------------------------------

မေမြို့ကနေ ဖြည်းဖြည်းမှန်မှန်နှင့် မန္တလေးသို့ဆင်းလာပြီး နာရီဝက်လောက်အကြာမှာတော့ သူတို့တစ်သိုက် Oceanသို့ရောက်လေပြီ။

“ ကဲ ဘာစားမလဲ မမလေးတို့ ”

ကားပေါ်တွင် ကုန်ဆုံးခဲ့သော နာရီဝက်ခန့်အတွင်းမှာတွင် အိနှင့် စက်ဘုန်းတို့ နှစ်ယောက်က ငယ်ပေါင်းတွေကဲ့သို့ပင် ရင်းနှီးသွားခဲ့သည်။

Lovelorn ♡    [ Ongoing ]Where stories live. Discover now