Chapter 2

117 5 0
                                    

ကိုယ်က ဘာဖြစ်ဖြစ် အကုန်လုပ်နိုင်တယ်ဆိုပေမယ့်လဲ မင်းကိုမေ့ပစ်ဖို့နဲ့ မချစ်မိဖို့ကတော့ ချွင်းချက်။
_____________________________

“ကောင်လေး ဒါကိုယ့်နေရာနော်”

ဟင် ဘာပြောလိုက်တာ ဒါ? ဒါကသူ့နေရာ မဟုတ်တာ ! အဲ့မိန်းကလေးစကားကြောင့် သူ့မှာကြောင်အသွားရပြီး

“ခင်ဗျာ မဟုတ်ပါဘူး ဒီခုံကသေချာပေါက် ကျွန်တော့်နေရာပါ”

“ဒါပေမယ့် ကိုယ့်ကားလက်မှတ်မှာ ဒီနေရာလို့ပြနေတယ်လေရော”

မိန်းကလေးက သက်သေနဲ့တကွ ပြလာတော့သူ့မှာလဲအကြောင်ရိုက်ရပြီ။သူကလဲ ဒီခုံကိုမှဝယ်ထားတာလေ။ ပိုက်ဆံ နှစ်သောင်းခွဲလောက်ပေးထားရပြီး ကိုယ့်နေရာကိုတော့ အလကားမပေးနိုင်ပေါင်။

“ခနလေးနော် ကိုယ် ကားဆရာကိုသွားမေးအုံးမယ်”

“ဟုတ်ကဲ့ဗျ”

ခနကြာတော့ အနှီမိန်းကလေးမျက်နှာထက်မှာ မကျေနပ်မှုတွေ ဖြတ်ပြေးပြီး သူ့နောက်မှာလဲ ကားဆရာကမျက်နှာငယ်လေးနဲ့လိုက်လာတယ်။

“တောင်းပန်ပါတယ်ဗျာ ညီမလေးက ခုံ2ခုံစာဝယ်ထားပေမယ့် ကျွန်တော်တို့ဘက်ကပေါ့ဆမှုကြောင့် ဒီဘက်ကညီလေးကိုပါ ညီမလေးရဲ့တခုံစာကိုရောင်းမိသွားတယ် အဲ့အတွက်ကြောင့် ဒီခရီးမှာပေါ့ ညီမလေးကတခုံစာပဲရပါတော့မယ် တကယ်တောင်းပန်ပါတယ်နော်”

“ဟူးးးးးးးးး အဲ့တော့ ကျွန်မပိုက်ဆံအတွက်ရှင်တို့ ဘယ်လိုပြန်လုပ်ပေးမလဲ”

“ကျွန်တော်တို့မန်နေဂျာပြောတာတော့ ညီမလေးအတွက် နဂိုခုံကြေးထက် 2ဆပြန်လျော်ပေးပါမယ်တဲ့”

“အဲ့တော့ ကျွန်မကသူနဲ့ထိုင်ရမယ်ပေါ့”

“ဟုတ်ပါတယ်ဗျ”

အဲ့တာဘဲ! ဘယ်လောက်တောင်ပေါ့ဆလိုက်သလဲ?? အလကား ပိုက်ဆံကိုနှစ်ဖက်ခွလိုချင်တာ! သူကခရီးသွားရမှာမို့ ပြသနာတွေမဖြစ်ချင်လို့သာ လျှော့ပေးလိုက်ရတာ။ မဟုတ်ရင်တော့လား! ဟန်ရှင်းသူဘာမှန်းသူတို့သိစေရမယ် !

“ဟို ဟို အဲ့တော့ ကျွန်တော်ဖယ်ပေးစရာမလိုတော့ဘူးပေါ့နော်”

Lovelorn ♡    [ Ongoing ]Where stories live. Discover now