Chapter 9

54 4 0
                                    

မင်းအနားမှာနေဖို့ထက် နောက်ကနေငေးကြည့်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။
မင်းရဲ့ကျောပြင်ဟာ ငေးကြည့်နေရုံနဲ့လဲ
ကျေနပ်စရာကောင်းပါတယ်လေ.......။။

---------------------------

ကျောင်းဆေးခန်းကနေ ပြန်လာတော့လဲ စက်ဘုန်းမှာသူ့ကိုစိတ်မချ။ သူပဲဆိုင်ကယ်မောင်းမယ် တကဲကဲနှင့် သူ့ကိုလာကြိုသည့်ကားကိုပင် ပြန်လွှတ်လိုက်သည်။

“ဟန်ရှင်းရဲ့bobberက နှစ်ယောက်စီးလို့ရတယ်မလား ဟန်ရှင်းက ကိုယ့်နောက်ကပဲလိုက်ခဲ့ပါကွာ ”

“ဟင့်အင်း ‘ရှင်း’မောင်းပါမယ် စက်ဘုန်းရယ်”

“ဘယ်လိုမောင်းမတုန်း ခုနကတင် သူများကိုဆွဲထူရင်း မင်းကယိုင်သွားတာမဟုတ်လို့လား မင်းသာမောင်းရင် ကိုယ်တို့နှစ်ယောက်လုံး ကိစ္စချောသွားမှာနော် ကိုယ်မောင်းပါမယ်ကွာ ဆိုင်ကယ်သော့သာပေး”

နောက်ဆုံးတော့လဲ မငြင်းသာတာမို့ သော့ပေးလိုက်ရပြီး သူ့နောက်မှထိုင်လိုက်ရန်ပြင်ရသည်။

“ဟေး အဲ့တာလုပ်မို့တုန်း”

ဆိုင်ကယ်ကိုတက်ခွရန် ပြင်နေသော သူ့ကိုကြည့်ပြီး စက်ဘုန်းကပြောသည်။

“မိန်းကလေးက ဆိုင်ကယ်ပဲဖြစ်ဖြစ် စက်ဘီးပဲဖြစ်ဖြစ် နောက်ကထိုင်စီးရင် ဘေးစောင်းလိုက်ရမှာလေကွာ”

“ဟာ စက်ဘုန်းကလဲကွာ”

“စက်ဘုန်းကမကွာနဲ့ မင်းရဲ့ဘေးမှာပဲရှိနေတာ”

“ပြီးတော့ မင်းကlong skirtနဲ့လေ ဘယ်လိုလုပ်အဆင်ပြေမှာတုန်း”

ပထမတခွန်းကြောင့် သူ့ပါးလေးဖြန်းခနဲ ရဲတက်သွားပြီး ‌စက်‌ဘုန်း‌ ပြောသကဲ့သို့ ပုံစံပြောင်းထိုင်လိုက်သည်။ သူ့ဆန္ဒပြည့်ဝသွားသည်မို့ စက်ဘုန်းပြည့်သည် ဆိုင်ကယ်စက်နှိုးပြီး တချိုးတည်းမောင်းပါတော့သည်။

ဟန်ရှင်းသူသာ ရှက်ပြီးခေါင်းကိုငုံ့မနေခဲ့ပါလျှင် ဆိုင်ကယ်မှန်မှ ရိပ်ခနဲပြုံးလိုက်သော စက်ဘုန်း၏ မျက်နှာကိုမြင်လိုက်မှာ အသေချာပါပင်။

-----------------------

“ဟန်ရှင်း မင်းခေါင်းမူးနေသေးရင် ကိုယ့်ကျောကိုမှီထားလို့ရတယ် ပြီးတော့ ကိုယ့်ခါးကိုကိုင်ထား အိမ်ရောက်ဖို့ကလိုသေးတယ် မတော်လို့ပြုတ်ကျသွားရင် တီတီလဲ့က ကိုယ့်ကိုဆူနေမယ်”

Lovelorn ♡    [ Ongoing ]Where stories live. Discover now