Chapter 12

40 2 0
                                    

“ရှင်းရေ တို့ဒီမှာ လာခဲ့လေ ရှင်းရဲ့ လာခဲ့ပါ”

ပန်းပိတ်အောင် ထူလှသည့်မြူတွေအကြား ဟန်ရှင်းရောက်နေသည်။ အသံကြားရာကို လျှောက်သွားလိုက်တော့ တောင်စွန်းရဲ့အောက်မှာ။ ဟန်ရှင်းတောင်ပေါ်ရောက်နေတာလား?

“ရှင်း အောက်ကိုလာခဲ့လေ တို့ဆီမလာချင်လို့လားဟင်”

မရင်းနှီးသည့် မိန်းမပျိုတယောက်၏ အသံ။

“မင်းကဘယ်သူလဲ ဘာဖြစ်လို့ကိုယ့်ကိုခေါ်နေတာလဲ”

“နွေလေ ရှင်းရဲ့ တို့ပါ တို့ဆီလာခဲ့ပါရှင်းရယ် တို့တယောက်ထဲ သိပ်ကြောက်တာပဲ”

အသံမှာ သိပ်ကိုအားငယ်နေသည့်ပုံပေါက်တာကြောင့် ဟန်ရှင်းအောက်ကိုဆင်းရန် ဆက်လျှောက်သွားလိုက်သည်။ မြူတွေကြောင့် သူအရှေ့ကိုသေချာမမြင်ရ။ ရှေ့ကိုတလှမ်း,လှမ်းလိုက်ချိန်မှာတော့ ဟန်ရှင်းရဲ့ကိုယ်ဟာ လေဟာနယ်ထဲသို့ ပြုတ်ကျသွားသည်။

“ဟန်ရှင်း မသွားနဲ့ ဟန်ရှင်း ကိုယ့်ဆီပြန်လာခဲ့ပါ မသွားပါနဲ့”

ဟင် ဒါ.....စက်ဘုန်းအသံ ဘယ်လိုလုပ်မလဲ။ သူကလေဟာနယ်ထဲမှာဖြစ်၏။  သူအောက်ကိုပြုတ်ကျနေတာလား။ ဟန်ရှင်းသေရတော့မှာလား။ ဟင့်အင်း....ဟန်ရှင်းမသေချင်သေးဘူး။

တခုခုကိုလှမ်းဆွဲမိမလားဆိုပြီး ရရာကို အသည်းအသန်ဆုပ်ကိုင်နေသည်။ သို့သော် ဘာမှပါမလာပါ။

“အင့် ဟင့်”

ပြုတ်ကျသောခံစားချက်နှင့်အတူ သူအိပ်မက်ထဲမှနိုးလာသည်။ အိပ်မက်ဖြစ်နေ၍တော်သေးသည်။

ဒါဘယ်လိုအိပ်မက်မျိုးပါလိမ့်....။ အိပ်မက်ဆိုးလား?

မြူနှင့်ပတ်သတ်၍ အိပ်မက်အမျိုးမျိုး မက်ဖူးသော်လည်း တောင်ပေါ်ကပြုတ်ကျသည့်အိပ်မက်ကိုတော့ ပထမဆုံးမက်ဖူးတာပင်။

Air cornဖွင့်ထားသောကြောင့် အေးစိမ့်နေသော်လည်း သူ့လည်ပင်းတဝိုက်မှာ ချွေးတွေနစ်လို့နေသည်။ pajamasကိုလည်း လဲချင်သည်မို့ စားပွဲပေါ်မှနာရီကိုတချက်ကြည့်လိုက်သည်။

12:37 a.m

ကုတင်ပေါ်မှဆင်းပြီး အမွေးပွslippersကိုစီးကာ အဝတ်ဘီဒိုနားသွားလိုက်သည်။ ဘီဒိုကိုဖွင့်ရန် လက်အလှမ်း မျက်လုံးထောင့်မှ မြင်နေရသော ကိုယ်လုံးပေါ်မှန်တွင် လက်ခနဲဖြစ်သွား၍ လှည့်ကြည့်လိုက်ရာ ပြတင်းပေါ်နားမှ ခပ်မဲမဲအရိပ်တခု။

Lovelorn ♡    [ Ongoing ]Where stories live. Discover now