Chapter 8

42 4 0
                                    

တနင်္လာနေ့ဆိုတော့ ကျောင်းသွားဖို့ မနက်စောစောထပြီး ပြင်ရသည်။ နောက်ကျလဲကိစ္စမရှိပါ။ ဆိုင်ကယ်ကိုမိုင်ကုန်မောင်းရုံပေါ့။

ကျောင်းဝတ်စုံဝတ်ပြီးသည်နှင့် အောက်ထပ်ကိုအပြေးဆင်းလာပြီး မနက်စာ မြန်မြန်စားရသည်။

“အမလေး စားနေတာကျားလိုက်မှာကြလို့ ဖြေးဖြေးစားပါ ငါ့သမီးရဲ့”

“ဟီးဟီး ကျောင်းနားမှာ အသစ်ဖွင့်တဲ့ကော်ဖီဆိုင်လေးကို ဝင်ချင်လို့ပါ မေမေရဲ့”

မေမေ့လေသံလိုက်ပြီး ပြောလိုက်တော့ ဖြစ်ရမယ်ဆိုပြီး မုန့်ဖိုးပေးတယ်။

“နိုး နိုး မယူဘူး မေမေ သမီးမုန့်ဖိုးနဲ့ပဲဝယ်မှာ”

“အမယ် ပိုက်ဆံရှိတယ်ပေါ့လေ ဘယ်ကရတုန်း”

“ကျောင်းကပြန်လာမှပြောပြမယ် ခုတော့သွားပြီ ဘိုင့်ဘိုင် မေ မွ ”

ကလေးပေါက်စလို ခုန်ဆွ ခုန်ဆွပြေးထွက်သွားသော သမီးကိုကြည့်ပြီး ဒေါ်လဲ့လဲ့ဟန် စိတ်လိုလက်ရပြုံးဖြစ်တယ်။ ဟိုကိစ္စကြောင့် ဒီကလေးမလေးကို အဲ့လိုပေါ့ပေါ့ပါးပါးလေး ပြန်တွေ့ရဖို့ တော်တော်ကိုကြာခဲ့သည်လေ။ ကျောင်းပါပြောင်းပစ်ခဲ့သည်မို့ ဒီနှစ်ပိုင်းမှာအပြောင်းအလဲတော်တော်ရှိခဲ့၏။

သမီးကစာတော်သည်။ မူလတန်းတုန်းကဆို သူမရဖူးသည့်ဆုမရှိခဲ့ပေ။ အလယ်တန်း တတိယနှစ်လောက်ကြတော့ ဆုခြောက်ခုနှင့် တကျောင်းလုံးရဲ့ ဆုအများဆုံးရရှိတဲ့သူဖြစ်ခဲ့သည်။ ကိုယ်တိုင်ကလဲ ပံ့ပိုးပေးနိုင်ခဲ့သလို သမီးကလဲ စာကိုစိတ်ဝင်စား၍ ဖြစ်သည်။

တခုပဲ သမီးကအရမ်းစိတ်နုသည်။ လူကသာ ယောင်္ကျားလေးလိုလိုနှင့် မာမာကျောကျောပုံပေမယ့် သူစိတ်ထိခိုက်တာရှိပြီဆိုရင် မအေကိုတနေကုန်ကပ်ပြီး အီနေတော့သည်။ သို့သော်လည်း အမြဲ ဂျီကျနေသည့်ကလေးမဟုတ်။ ကျန်တဲ့အချိန်ဆို လူကြီးလေးတယောက်လိုပင်။

သီးသန့်နေတတ်လို့ တော်ရုံစိတ်ပင်ပန်းတာဆို မိဘကိုလုံးဝမပြောပေ။ သူ့ဘာသာကြိတ်ခံစားသည်။ အဲ့လိုအကျင့်လေးကြောင့် စိတ်ဒဏ်ရာများ ရှိနေမလားဆိုသည့် အတွေးကြောင့် ဒေါ်လဲ့လဲ့ဟန်တယောက် ရင်လေးရပါတော့သည်။

Lovelorn ♡    [ Ongoing ]Where stories live. Discover now