ရင်ထဲက အချစ်တွေ သူသိစေ ။
---------------------------------------------
“ အာ ဟုတ် ကောင်းသားပဲ သွားကြမယ်လေ သွားမယ်နော် အိ နော် သွားကြရအောင် ”
“ ဟွန်း ”
သူကအဲ့လိုအတင်းချော့ခေါ်တော့ အိကမကျေနပ်သလို နှာတစ်ချက်မှုတ်ပြီး သူ့နောက်ကို ခြေဆောင့်လိုက်လာသည်။
“ နွေရေ ကိုယ်တို့သွားဦးမယ်နော် ”
“ တို့လည်းလိုက်မယ်လေ ရှင်းရဲ့ မရဘူးလားဟင် .. ”
သူမ၏ လေသံခပ်ဖျော့ဖျော့နှင့် မျက်ဝန်းငယ်တို့သည် ဟန်ရှင်းရဲ့ ဂရုဏာကို ချူချနိုင်ခဲ့ပါသည်။
သို့သော် ကျောက်ခဲနှလုံးသားပိုင်ရှင် တစ်ယောက်မှာတော့ ...
“ ဟဲ့ နင်ဘာဖြစ်ချင်နေတာလဲ ငါ့ကလေးလေးကိုလည်း တရှင်းထဲရှင်းပြီးတော့ ကြည့်နေတာကြာပြီနော် နင် ဟန်ရှင်းသူကို stalkနေတာလား ?! ”
“ ဟို အဟင့် မဟုတ်ပါဘူး နွေက အဟင့် ရှင်း .. ”
ဟိုက ငိုသံတွေပါ ပါလာပြီမို့ အိကို မျက်လုံးမျက်ဆံပြူးပြကာ ရပ်ဖို့ပြောရသည်။
ထို့နောက် နွေ့ကို တစ်နေရာသို့ခေါ်၍ အေးဆေးစကားပြောကာ ဘာလို့ဒီလိုလုပ်တာလဲ မေးရပေသည်။ ဒါတောင် တော်တော်နှင့် မဖြေပါ။ အတင်းအစ်အောက်မေးမှသာ ...
“ တို့က ရှင်းကို ကျေးဇူးဆပ်ချင်လို့ပါ ပြီးတော့ သူငယ်ချင်းလည်း ဖြစ်ချင်မိလို့ ဒါပေမယ့် ရှင်းရဲ့သဘောကိုမသိဘူးလေ ရှင်းက နည်းနည်း အေးစက်တဲ့ပုံပေါက်တော့ ငြင်းလိုက်မှာစိုးလို့ ဒီလိုကြံမိတာပါ ” ဟူ၍ပင်။
ကိုယ့်နောက်ကို ဆက်တိုက်လိုက်နေတာ ဒါ့ကြောင့်ဆိုတာ သိလိုက်ရတော့ ဟန်ရှင်းသူ ခွက်ထိုးခွက်လန်ကို မျက်ရည်ထွက်အောင် ရယ်မိပါ၏။
ဘယ့်နှယ် .. ဒီလောက် ဖော်ရွေတဲ့သူကိုမှ နွေမို့လို့ အဲ့လိုထင်တယ်..... အင်း... အခြေအနေတစ်ခုတော့ ရှိတာပေါ့လေ သူမကို ကယ်ခဲ့ရသည့် ကိစ္စကတော့ သူ့ကို အတော်အတန် လွှမ်းမိုးနိုင်တုန်းပင် ရှိ၏။
“ ဟန်ရှင်းက မချေပါဘူး မခါးနွေဦး သူက ပေါင်းသင်းဆက်ဆံရေး တော်တော်ကောင်းပါတယ် အဲ့တာကြောင့် သူငယ်ချင်းကောင်းဖြစ်မှာ အသေချာပါပဲ ”
YOU ARE READING
Lovelorn ♡ [ Ongoing ]
Romanceမင်းကိုဘယ်လောက်မြတ်နိုးတယ်ဆိုတာ မင်းသိတဲ့တစ်နေ့..... အဲ့နေ့ကျရင် သေချာပေါက် မင်းကိုယ့်ကိုပြန်ချစ်လိမ့်မယ်။ -Han Xing Thu // By Oliva Jun Start - 28th March 2023