Chapter 11

40 2 0
                                    

“ဟာ အဲ့လိုကြီးမကြည့်နဲ့လေ”

သူထပြောမှ စက်ဘုန်းစိုက်ကြည့်တာရပ်သွားသည်။ အတည်ပေါက်ကြီးကို မိန်းမိန်းမောမောကြည့်နေတာမို့ ဟန်ရှင်းပင် နေရတာတမျိုးဖြစ်လာသည်။

ပြီးတော့ ရင်တွေခုန်နေပြန်သည်။ ထိုလူသားနှင့်ပတ်သတ်ပြီး  သူ့ရင်အစံုမှာ ဂဏှာငြိမ်သည်မှာရှားသည်ပင်။ ဆယ်ကျော်သက်အရွယ်မို့ပါဟု ကြိတ်မှိတ်ရောချလိုက်သည်။

“အဟား ဟုတ်ပါပြီ ဒါနဲ့ ကိုယ်ကဟန်ရှင်းရဲ့အပြုံးကို သဘောကျတာမို့ ခနခနပြုံးပေးရမယ်နော်”

“ငင့် ဘာကိစ္စနဲ့”

နှလုံးသားကသာ တဒုန်းဒုန်းနဲ့ဖြစ်နေသော်လည်း ထွက်လာသောစကားမှာ တခြားဆီ။

“ပြောပြီးသားပဲ အပြုံးကိုအရမ်းသဘောကျတာမို့”

သူပြောချင်တာပြောပြီးတော့ ခပ်တည်တည်ပင်။ ကော့တော့ကော့တော့နှင့် သူ့ဘေးမှထွက်သွားပြီး စတော်ဘယ်ရီခင်း‌ရှင်ဆီကို ခူးဖို့ခွင့်သွားတောင်းသောထိုလူ။

တကယ်ပါပဲ စက်ဘုန်းပြည့်ရေ မင်းနဲ့‌ဘယ်လိုလုပ်ရပါတော့မလဲ ။

ဟန်ရှင်းစိတ်ထဲကမှတိတ်တဆိတ်ညည်းညူမိပါသည်။

“ဟေး ကိုယ်သွား‌ေပြာပြီးပြီ ကြိုက်သလောက်ခူးသွား”

ခွင့်ပြုချက်ရသည်နှင့် ဟန်ရှင်းစလှုပ်ရှားတော့သည်။ အနီရဲရဲလေးတွေမြင်သည်နှင့် သူ့လက်အလိုလိုရောက်ပြီးသား။

ခနကြာတော့ သူ့လက်ထဲမှာ အသီးတွေက အတော်များများဖြစ်လာသည်။ ထပ်ခူးဖို့လက်ကသုံးရအုံးမှာမို့ အင်္ကျီကိုခေါက်လိုက်ပြီး စတော်ဘယ်ရီသီးတွေကို ထိုထဲထည့်လိုက်သည်။

ခူးရင်းနှင့် စိုက်ခင်း၏အစွန်ဘက်ကို ရောက်မှန်းမသိရောက်လာသည်။အလုံးကြီးတွေအများကြီးရှိတာကိုတွေ့တော့ သူ့မျက်လုံးတွေကလက်ခနဲ။ အပြေးလေးသွားတော့ အင်္ကျီထဲမှ တချို့ကပြုတ်ကျကုန်သည်။ ပြည့်ကျပ်နေသည်မို့ နည်းနည်းစားဖို့ ပါးစပ်ထဲထည့်ဖို့အရွယ်တွင် နောက်ကျောမှ စကားသံထွက်လာသည်။

Lovelorn ♡    [ Ongoing ]Where stories live. Discover now