Chapter 4

66 5 0
                                    

လူအများကြီးထဲမှာမှ ကိုယ့်ကိုပဲရွေးခဲ့လို့ ကျေးဇူးပါ အချစ်။

---------------------------------

“အို မလိုတာကွာ”

“ဟီး ဘာပဲဖြစ်ဖြစ် ခရီးတလျှောက်လုံး ကူညီပေးလာခဲ့တဲ့အတွက်”

ထို့နောက် ကောင်လေးသည် ကိုယ့်ကိုရော ကိုယ့်မိဘတွေကိုရော နှုတ်ဆက်ပြီးထွက်သွားသည်။ ကိုယ်တို့လဲပြန်ပြုံးပြပြီး ကားပေါ်ရောက်မှ မေမေက.......

“အဲ့ကောင်လေးကဘယ်သူလဲ သမီး”

“သမီးနဲ့ဘေးချင်းကပ်ထိုင်ရတဲ့ ကောင်လေးပါ မေမေ”

“အော် ဟုတ်လား မေမေတော့သူ့ကိုမြင်ဖူးနေသလိုပါပဲကွယ်”

“ဟော မေမေကတော့ တွေ့သမျှလူကိုမြင်ဖူးနေတော့တာပါပဲ”

“ဒီကောင်မလေးကတော့ အမေ့ကိုဆိုပြောမယ်ဆိုတာချည့်!”

“အိမ်ရောက်မှဆူတော့ မေမေ သမီးတို့အိမ်ကဘယ်လိုလဲဆိုတာ သမီးသိချင်နေပြီ”

“အမလေး ကြီးပါ့တော်ကြီးပါ့ ရှင်လိုချင်တဲ့ပုံနဲ့ အကိုက်ပဲ ဖေဖေကရွေးပေးထားတာ မယ်မင်းကြီးမအတွက် အခန်းတဲ့”

“ဟုတ်လား ဝါးးး မြန်မြန်ရောက်ချင်နေပြီရော် ဖေဖေမြန်မြန်မောင်းနော် ဟီးဟီး”

“မှောင်နေသေးတယ်လေ သမီးရဲ့ မြန်မြန်မောင်းလို့ ဘယ်ဖြစ်မလဲ သမီးအိပ်ချင်ရင်အိပ်လေ ရောက်ရင် မေမေ့ကိုနှိုးခိုင်းလိုက်မယ်”

“ဟုတ် ဖေဖေ”

---------------------------

ဖေဖေ့စကားကြောင့် သူလဲခနမှိန်းလိုက်တာ ဘယ်လောက်ကြာသွားတယ်မသိ မေမေရောက်ပြီလို့နှိုးတော့ ကောင်းကင်ကြီးက ပုဇွန်ဆီရောင်သမ်းနေလေပြီ ကြည့်ရတာနေထွက်တော့မယ်ထင်ပါရဲ့~

“ကဲ မင်းသမီးလေး ရှင်နေရမယ့်အိမ်ပါရှင် ကြိုက်ရဲ့လား”

အိမ်ရှေ့ရောက်တာနဲ့ မေမေကဆီးကြိုပြောသည်။

အိမ်ပုံစံက ခပ်ကြီးကြီး။ အညိုရောင်နဲ့အဖြူရောင်ကို အဓိကသုံးထားသည်။ 3ထပ်တိုက်ဆိုတော့ ထည်ထည်ဝါဝါဖြစ်နေသည်။ ခြံကကျယ်တော့ ဘေးမှာလဲ ပန်းတွေစိုက်လို့ရမယ်ထင်။

Lovelorn ♡    [ Ongoing ]Where stories live. Discover now