Chapter 10

48 4 0
                                    

“တင်းတောင်”

ခနနေတော့ တံခါးလေးပွင့်လာသည်။

“အော သမီးလေးပါလား”

“ဟုတ် ဒေါ်ဒေါ် မေမေလဲပါတယ်”

“လာလာ အထဲဝင်ကြလေ”

“ဟုတ် ဒေါ်ဒေါ်”

ဒေါ်ဒေါ်ရွှန်းက အိမ်ထဲခေါ်တော့ မေမေရော သူပါဝင်လာခဲ့လိုက်ကြသည်။ သိတာသိပ်မကြာသေးသော်လည်း မေမေနဲ့ကတော့ ဘယ်လောက်တောင်ရင်းနှီးနေပြီလဲမသိ။ တခါတလေဆိုဒေါ်ဒေါ်ရွှန်းနှင့်တောင် ဈေးဝယ်ထွက်နေကြပြီ။

“ဒေါ်ဒေါ်ရေ ကိုကိုရှိလားဟင်”

“ရှိတယ် သမီးလေး အပေါ်ထပ်မှာ စက်ဘုန်း‌ကရေချိုးနေလို့ သမီးအပေါ်တက်သွားလိုက်လေ လှေကားရဲ့ ဘယ်ဘက်ခြမ်း အခန်း”

အထဲရောက်တာနဲ့ သူကမေးမိတော့ ဒေါ်ဒေါ်ကပြုံးရင်းပြောလာသည်။ အပေါ်တက်ဖို့တော့ ဆန္ဒရှိပေမင့် ယောင်္ကျားလေးတယောက်ရဲ့အခန်းထဲ ဝင်ဖို့မသင့်တော်တာကြောင့် အပေါ်ထပ်ရောက်တာနဲ့ နံရံမှာချိတ်ထားတဲ့ပုံလေးတွေကို လိုက်ကြည့်နေမိသည်။

ဟော ဟိုမှာ ကလေးလေးတယောက်ပုံ ပါးချိုင့်ကလေးနှင့် အားရပါးရကိုရီနေသည်ပဲ။ သေချာသည်က ထိုပုံ၏ပိုင်ရှင်သည် စက်ဘုန်းပြည့်သည်သာ။

နောက်တပုံကတော့ ဒိုင်းဆုကိုပိုက်ကာ ပြုံးနေသော စက်ဘုန်းနှင့် ဘေးတွင် ဒေါ်ဒေါ်ရွှန်းနှင့် သူမ၏အမျိုးသား။ ကြည့်ရတာ စက်ဘုန်းသည် စာတော်သော ကောင်လေးဖြစ်ဟန်တူပါ၏။

သူလိုက်ကြည့်ရင်းနှင့် ပန်းချီကားတစ်ချပ်ကို စိတ်ဝင်စားသွားသည်။

အရောင်အသွေးစုံလင်လှသော ကျူးလစ်ပန်းခင်းကြီးပုံ။ မိန်းကလေးတယောက်၏ နောက်ကျောပုံနှင့် ကျူးလစ်ခင်းကြီးဆိုပိုမှန်လိမ့်မည်။ လေအဝှေ့တွင် ပျံ့လွင့်နေသော မိန်းကလေး၏ဆံပင်တွေကအစ အသေးစိတ်လိုက်ဆွဲထား၏။ လိမ္မော်ရောင်ကောင်းကင်ကြီးနောက်ခံနှင့် ထိုပုံသည် အင်မတန်မှအသက်ဝင်လွန်းလှသည်။

“အဲ့တာကျွန်တော်ဆွဲထားတာလေ”

စက်ဘုန်းသည် စိတ်ဝင်တစားကြည့်နေသောသူ့ကိုတွေ့တော့ ပြောသည်။

Lovelorn ♡    [ Ongoing ]Where stories live. Discover now