Chapter 5

65 4 0
                                    

-နှစ်နှစ်ခန့်အကြာ-

"ဝူး ဝူး ဝူးးး ကျွီ~~~"

ထိုးရပ်သံနှင့်အတူ ဟန်ရှင်းတစ်‌ယောက် ဆိုင်ကယ်ကိုဒေါက်ထောက်ရင်း အိမ်ထဲဝင်လာခဲ့သည်။

"ရှင်းလေး ကျောင်းကပြန်ရောက်ပြီပေါ့"

"ဟုတ် မေမေ သမီးရေချိုးတော့မယ်နော်"

"အေးအေး ပြီးရင် ဟိုဘက်အိမ်က အိမ်တက် လာဖိတ်ထားတယ်နော် ဖေဖေပြန်လာရင် သွားကြမယ်"

မေမေက သူ့ကိုလှမ်းအော်ရင်းပြောသည်။ သူတို့အိမ်ကိုစနေတုန်းက ဒီလမ်းထဲမှာ သူတို့အိမ်အပါကို နှစ်အိမ်ပဲရှိသည်။ အဲ့တာကြောင့်လဲ ကားမောင်းသင်တုန်းက တဒုန်းဒုန်း တဒိုင်းဒိုင်းဖြစ်တာတောင် အဆူအအော်မခံခဲ့ရပေ။ အခုကတော့ နှစ်တွေလဲကြာပြီမို့ လမ်းလေးတောင် အိမ်တွေဖြင့်စည်လာသည်။ အင်း သူတောင် 17ရှိပြီလေ။ အတန်းနဲ့ဆိုရင်တော့ Grade-11 ပေါ့။

အခန်းထဲဝင်ပြီး အဝတ်တွေချွတ်ပြီးတာနဲ့ bathtubထဲဝင်စိမ်နေလိုက်တော့သည်။ ဆိုင်ကယ်ကိုပြိုင်မောင်းလာသည်မို့ ချွေးလဲတော်တော်ထွက်တာနဲ့ပဲ ခေါင်းလျှော်ရန်ပြင်ရသည်။

‌ဆပ်ပြာမြှုပ်တွေနဲ့ဆော့ရင်း လွန်ခဲ့တဲ့ နှစ်နှစ်က ကားပေါ်မှာတွေ့ခဲ့တဲ့ ကောင်လေးကို ဖြတ်ခနဲသတိရမိသေးသည်။ အခုလောက်ဆိုသူလဲ တော်တော်ကြီးရောပေါ့။ သူ့ကိုယ်လုံးလေး၊ အသံလေး ကျန်တာတွေအကုန်မှတ်မိပေမယ့် လုံးဝမျက်နှာကိုမမှတ်မိတော့ပေ။ စဉ်းစားလိုက်တိုင်း နောက်ကျောပုံတွေ၊ မျက်နှာကိုတဖက်စောင်းပြီး အိပ်နေတဲ့ပုံတွေပဲ မြင်ယောင်လာတယ်။

"အာ ရေချိုးတာတောင်ကြာပြီ ကြည့်စမ်း လက်တွေတောင်တွန့်နေပြီ"

ထိတ်လန့်တကြား ပြောရင်း bathrobeဆွဲဝတ်ရင်း အချိန်ကိုကြည့်လိုက်တော့ နေ့လည်နှစ်နာရီထိုးနေပြီ။ ဖေဖေပြန်လာတော့မှာပဲ။

ဘီဒိုကိုဆွဲဖွင့်ရင်း ဘာဝတ်ရမလဲရွေးနေတုန်း မေမေဝင်လာသည်။

"ရှင်း ဘာဝတ်မှာလဲ သမီး"

"ဟုတ် မေမေ tee topလေးနဲ့ cargo pantsလေး...."

"တော်စမ်း သူများအလှူသွားမှာ ရင်ဖုံးနဲ့ထမီနဲ့ဝတ်မှပေါ့"

Lovelorn ♡    [ Ongoing ]Where stories live. Discover now