“ဟဲ့ သမီးငယ် ဘာဖြစ်တာတုန်း”
ဘုရားရှိခိုးဖို့ ပြင်ဆင်နေတုန်း အနောက်ဘက်မှ ‘ဒီနေ့တော့ စာမေးပွဲတွေကိုပါမေ့တဲ့ထိ စိတ်လွတ်ကိုယ်လွတ် ကဲပစ်အုံးမယ်ကွ’ ဟူသော အော်သံကြောင့် သူမမေးမိသည်။
“ဟဲဟဲ ဒီနေ့ အိအိလာမှာလေ မေမေရဲ့ အဲ့တာသူ့ကိုပါ ခေါ်သွားမို့”
သမီးငယ်သည် သူ့ဆီလာရင်း လှမ်းပြောသည်။
“နေပါအုံး အိအိဆိုတာ ရန်ကုန်ကျောင်းတုန်းက သမီးသူငယ်ချင်းမလား”
“ဟုတ်တယ် မေမေ ဒါနဲ့သမီးမေမေ့ကို.....”
ဟန်ရှင်းပြောနေရင်း စကားတို့ကရပ်သွားသည်။ မေမေသိသွားရင် စိတ်ပူနေပြန်မည်ဖြစ်၏။ သူစိတ်မပူစေချင်တာကြောင့် ညကကိစ္စကိုမပြောဖို့ ဆုံးဖြတ်လိုက်သည်။
“ပြောလေ သမီးရဲ့”
“ဘာမှမဟုတ်တော့ဘူး မေမေ သမီးအတွက် ပန်းအိုးအသစ်လေးတွေ ဝယ်ပေးပါလားလို့ မနေ့ကရေလောင်းနေရင်း အောက်ကိုမတော်တဆပြုတ်ကျသွားလို့”
“ဟော ရှင်းငယ်ရယ် ဖြစ်ရော့မယ်”
မေမေက ရှပ်ပြာရှပ်ပြာနဲ့ဆိုသည့်အကြည့်နှင့် သူ့ကိုကြည့်သည်မို့ ဟီးခနဲသွားဖြဲပြရင်း အောက်ထပ်ကိုဆင်းလာသည်။
“♩ A.T.T.E.N.T.I.ON attention is what i want ♩”
ဖုန်းလာတာကြောင့် ထုတ်ကြည့်လိုက်တော့ Boo Boo Ei ဆိုသည့် contact nameလေးကြောင့် ပြုံးသွားရသည်။
“ပြော အိ”
“ရှင်းရေ နင့်အိမ်locationလေးတချက်ပို့ပေး ငါရောက်တာနဲ့ တခါထဲတမ်းလာမို့”
“ဟာ ဘယ်ကလာရမှာတုန်း ငါလာကြိုမှာပေါ့”
“ဟန်ရှင်းသူ နင်ငါ့အကြောင်းသိတယ်နော် ပို့ဆိုပို့ ဒါဘဲ ဆက်မပြောနဲ့ ငါစိတ်ဆိုးမှာ”
အတည်ပေါက်ပြောလာသည်မို့ သူအလျှော့ပေးလိုက်ရသည်။ သူ့ဘေးကလူတွေအကုန် အငြင်းသန်လေးတွေချည့်ပါပဲလား....။
“ဟုတ်ပါပြီ အဲ့တာဆို ငါtelegramကနေပို့လိုက်မယ် ဒါဘဲနော်”
“အင်း အင်း”
YOU ARE READING
Lovelorn ♡ [ Ongoing ]
Romanceမင်းကိုဘယ်လောက်မြတ်နိုးတယ်ဆိုတာ မင်းသိတဲ့တစ်နေ့..... အဲ့နေ့ကျရင် သေချာပေါက် မင်းကိုယ့်ကိုပြန်ချစ်လိမ့်မယ်။ -Han Xing Thu // By Oliva Jun Start - 28th March 2023