Chapter 7

46 4 0
                                    

အိမ်နှစ်အိမ်ကြားမှာ အကွာအခြားတခု ရှိနေသဖြင့် သူတို့စကားသံတွေက လိုတာထက် ပိုကျယ်လောင်နေသည်။ လမ်းသွားလမ်းလာတွေတောင် လှည့်ကြည့်နေကြ၏။

“ဒါနဲ့ မင်းကိုယ်မင်း ‘ကိုယ်’လို့မသုံးတော့ဘူးနော်”

“အင်း ဟုတ်တယ်”

“ဘာလို့လဲ”

စက်ဘုန်းပြည့်၏ အမေးကြောင့် သူ့မှာတွေဝေသွားရသည်။ သည်အဖြစ်အပျက်တွေကို သူပြန်မစဉ်းစားချင်တော့ပါ။ သူ့အတွက်တော့ ခနတာ ငရဲခန်းဖြစ်ခဲ့ရသည်လေ။ သို့သော် အခုမေးလာပြီ။ ဘယ်လိုဖြေလိုက်ရမလဲ။

စက်ဘုန်းပြည့်နဲ့က သိခဲ့ဖူးသည်ဆိုပေမယ့် လည်ပင်းဖက်ကာ ပေါင်းလာသည်မဟုတ်။ အခုမှတွေ့ဖူးသည့်လူတယောက်သာသာကို သူကပြောပြမလား။

“မင်းအဆင်မပြေရင်လဲ ရတယ်နော်”

“ရပါတယ် ကျွန်မပြောပြပါ့မယ် ဒါပေမယ့် ပထမဆုံး ရှင့်ရဲ့ telegram account‌ပေးပါ”

“အော် အင်း”

သူကိုယ်တိုင်ကလဲ လူ့ဘောင်ကသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေထဲ မနေတတ်တဲ့၊ ပုံစံခွက်ကြီးထဲမနေချင်တဲ့ သူမလို့ သူငယ်ချင်းဟုသတ်မှတ်ထားပြီဖြစ်သော စက်ဘုန်းကိုပြောပြရန်ဆုံးဖြတ်လိုက်သည်။

မကြာလိုက်။ သူ့ဘက်မှစကားစပြီး audio callဖြင့် ‌ပြောပြရတော့သည်။

ဟန်ရှင်းသူ၏အသံတို့သည် နာကျင်‌အက်ကွဲစွာ။ အတွေးတို့သည်လဲ ပျံနှံ့စွာ။

-လွန်ခဲ့သော ၆လ-

“ဟိတ် ရွှတ် ရွှတ်”

“မမ ညှိုးမနေနဲ့ လည်လည်သွားမယ် ကြွယ်ကြွယ်တို့အိမ်ကို”

“ဟေ့ကောင် ဘယ်ကမမတုန်း ညီမလေးကွ ချစ်ညီမလေး”

‌ဒီတသိုက်ကို သူမြင်နေသည်မှာ တပတ်လောက်ရှိရော့ပေါ့။ သူတက်နေတဲ့ ကျောင်းဆောင်ရှေ့ကို လာပြီး ရိသဲ့သဲ့လုပ်နေတာ။ အော်ကြီးဟစ်ကျယ်နှင့် အရှက်မရှိဘဲ သူတို့အတန်းမှ မိန်းကလေးများကို လာပိုးနေကြသည်ပင်။

သူတို့ဘာသာ ဘာလုပ်လုပ် ကိစ္စမရှိပေမင့် ဆေးကျောင်းတက်ရဖို့ ယခုကတည်းက အသည်းအသန်ကြိုးစားနေရတဲ့ ဟန်ရှင်းတို့လို လူတွေအတွက်တော့ တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်ရသည် မဟုတ်ပါလား။

Lovelorn ♡    [ Ongoing ]Where stories live. Discover now