Chapter 3

76 4 0
                                    

ကိုယ်ရဲ့ဖြစ်တည်မှုကမင်းတယောက်ထဲပါ။

__________________________

“ဟင် ဘယ်လိုလုပ်မလဲဗျ ကျွန်တော့်မှာလဲထီးမပါဘူး”

“အွန်း ပြေးကြတာပေါ့ကွာ ကားနဲ့စားသောက်ဆိုင်လဲ သိပ်မဝေးပါဘူး”

သူ့မှာထီးရှိတာကိုတော့မပြောတော့ပေ။ အကြောင်းရင်းကား စချင်မိ၍ပင်။

“ ဖြစ်ရဲ့လားဗျ ကျွန်တော်ကဘာမှမဖြစ်ပေမယ့် ဒီကအမ အဖျားမိသွားရင် ဘယ်လိုလုပ်မလဲဗျ”

“ ဟိတ် ကိုယ့်ကိုအမလို့ခေါ်နေရအောင် မင်းကဘယ်ခုနှစ်ဖွားမလို့လဲ”

“ ခင်ဗျာ ကျွန်တော်က 14နှစ်”

ကောင်လေးဆီကစကားသံကြောင့် သူ့မှာအူနာသည်ထိကိုရီနေမိ! ဘာတဲ့။  ရွယ်တူတယောက်က သူ့ကိုအမတဲ့ သူ့ရုပ်ကအဲ့လောက်ရင့်နေလို့လား?

“ ဟိတ် ဘာလို့ရီနေတာလဲ”

“ ကိုယ့်ရုပ်ကအဲ့လောက်ရင့်နေတာလား ကိုယ်ကအခုမှ15ပြည့်မှာ 14ကျော်ကျော်ပဲရှိသေးတယ်”

“ ဟာ စနေတာမဟုတ်ဘူးလားဗျ ကျွန်တော်နဲ့အသက်တူတူဘဲကို အရပ်ကအဲ့လောက်မြင့်စရာလား ကျွန်တော့်ရဲ့ လက်မောင်း.......မဟုတ်ဘူး .... ဒီလောက်,လောက်ရှိတယ် ”

ထိုကောင်လေးသည် သူ့ညာလက်နှင့် ပုခုံးကိုထိကပ်ပြီးပြောသည်။ ပြောချင်တာက ကိုယ်က သူ့အရပ်ကိုမကျော်ရုံပဲပေါ့

“ ကိုယ့်အရပ်က အခုမှ5'5"လောက်ပဲရှိသေးတာပါ ”

“တော်သေးတာပေါ့ ကျွန်တော့်ထက် 3လက်မလောက်နိမ့်သေးလို့”

“ အွန်း ကိုယ်က 8ရက် ဩဂုတ်လလေ မင်းကရော”

“ ကျွန်တော်က 10ရက် လေးလပိုင်း”

“ဆိုတော့ကာ 15ပြည့်မှာပေါ့”

“ဟုတ်တယ်”

“ ရွယ်တူတွေပဲ ယဉ်ယဉ်ကျေးကျေးပြောစရာမလိုပါဘူး”

“ အဲ့တာဆို ကျွန်တော်ကဘယ်လိုခေါ်ရမှာလဲ”

ဂုတ်ပိုးကိုသပ်ရင်းပြောလာသော ကောင်လေးကိုအသည်းယားစွားဖြင့် စမိသည်။

“ အချစ်ရေလို့ခေါ်”

“ဟာဗျာ”

အစခံရတော့မျက်နှာကနီရဲလာသည်ထင်။

Lovelorn ♡    [ Ongoing ]Where stories live. Discover now