" ဟန်ရှင်းသူရေးးး ငါ့ကိုသယ်ကူပါဦးဟ တကထဲ... ပစ္စည်းေလးထားတာကို မပြီးတော့ဘူး ဘာတွေလုပ်နေမှန်းကိုမသိဘူး ! "ပန်းကန်တွေ ဖန်ခွက်တွေ အပြည့်ထည့်ထားတဲ့ ဂျက်ဖာပုံးတွေ အဆင့်လိုက်ကို မနိုင်မနင်းသယ်ရင်း စိတ်မရှည်တဲ့ လေသံနှင့် အိကလှမ်းအော်သည်။ ထိုအခါကျမှသာ ဟန်ရှင်းလည်း ဖြစ်ရမယ်လို့ တိုးတိုးပြောရင်း ပြန်ပြေးလာခဲ့သည်။
အိသည် သူပြောသည့်အတိုင်းပင် သိပ်မကြာခင် မေမြို့သို့ပြောင်းလာခဲ့သည်။ သူတို့မျက်နှာချင်းဆိုင်တိုက်မှ လူများလည်း ဆိုင်းမဆင့် ဘုံမဆင့်ပင် ရောင်းကာ ပြောင်းသွားကြသည်။ သေချာတာကတော့ ဒေါ်ဒေါ်အိက မငြင်းနိုင်တဲ့ ဈေးနဲ့ ကမ်းလှမ်းခဲ့လို့ပင် ဖြစ်ပါလိမ့်မည်။
အခုကတော့ သူ့ရဲ့ပစ္စည်းတွေကို နေရာချရင်း ပိတ်ရက်ကို ကုန်ဆုံးနေရတဲ့ ဟန်ရှင်းသူရဲ့ အဖြစ်ပါလေ..။
" အမယ် အမယ် သူကပဲပြောရတယ်ရှိသေး.. နင်ရန်ကုန်မှာ နေလည်းရနေတာကို အတင်းပြောင်းလာတာ ဘယ်သူလဲ ဘယ်သူလဲ ပြောစမ်း ! "
ဘုကလန့်သာပြောနေပေမယ့် ခန္ဓာကတော့ ထိုသို့မဟုတ်။ အိရဲ့ လက်ထဲမှ ပုံးတွေအကုန် သူလွှဲယူပြီးဖြစ်သည်။
" ဟဲ့ သရဲကြောက်လှပါချည်ရဲ့ဆိုပြီး ဖုန်းဆက်ခေါ်တာ ဘယ်သူလဲ ပြောစမ်းပါဦး "
အိက သူ့ထက် ခေါင်းတစ်လုံး ပိုမြင့်တဲ့ ဟန်ရှင်းကို ခါးထောက်ကာ မော့ကြည့်ရင်း ရန်ပြန်တွေ့သည်။ ဟန်ရှင်းသူက အသက်အရွယ်နဲ့ဆိုရင်တော့ အိထက် လအနည်းငယ်ခန့် ငယ်ပေမယ့် ပိုအရပ်ရှည်သည်။ ဒီအရွယ်မှာတင် အရပ်က ဒီလောက်ရှည်နေတာမို့ အိက တစ်ခါတစ်လေ သူ့ကို ထန်းပင်နဲ့ လူသားနဲ့ မျိုးစပ်ထားတာလို့ ပြောလေ့ရှိသည်။ အဲ့လိုပြောတိုင်းလည်း ဟန်ရှင်းသူကတော့ ပြုံးရယ်လျှက်သာ ရှိပါသည်။ ဘယ်တော့မှ အိအိကို ပြန်ပြီး အကန်တွေမပြောဖြစ်ခဲ့ပါ။
" နင့်မော့ကြည့်ရတာ ဇက်ညောင်းလိုက်တာဟာ ခဏလေး နားရဦးမယ် နားမယ် နားဦးမယ် "
ပြောပြောဆိုဆိုပင် အိသီရိမောင်သည် ဂျက်ဖာပုံးတွေကြားထဲ ထိုင်ချလိုက်ပါတော့သည်။
YOU ARE READING
Lovelorn ♡ [ Ongoing ]
Romanceမင်းကိုဘယ်လောက်မြတ်နိုးတယ်ဆိုတာ မင်းသိတဲ့တစ်နေ့..... အဲ့နေ့ကျရင် သေချာပေါက် မင်းကိုယ့်ကိုပြန်ချစ်လိမ့်မယ်။ -Han Xing Thu // By Oliva Jun Start - 28th March 2023