အခန်း( ၁ )ရေမြေခြားချစ်သူ

131 1 0
                                    

အချိန်သည်၁၉၄၂။မြန်မာပြည်ရှိဗြိတိသျှ
များသည်ဂျပန်တို့ကြောင့်ပြန်လည်ဆုတ်ခွာ
နေရချိန်ဖြစ်သည်။
မြို့ကြီးများတွင်လည်းစစ်မီးများတောက်နေ
ချိန်..တိုက်ပွဲများပြင်းထန်နေချိန်ဖြစ်သည်။
မြန်မာပြည်အထက်ပိုင်းရှိမထင်မရှား
ရွာကလေးမှယခုဇာတ်လမ်းကိုစတင်ရလိမ့်
မည်ထင်သည်။
သူ့နာမည်ကားငြိမ်းချမ်းမေ..မိန်းကလေး
ဖြစ်သော်လဲကြောက်မနေတတ်ဘဲရဲရင့်
သည့်သူ။
သူမ၏ဦးလေးကားဆေးဆရာတစ်ဦးဖြစ်သည်။ရွာတွင်လည်းသူ၏ဆေးပညာ
ဖြင့်ရွာသားများ၏အသက်ကိုကယ်တင်
နေသူဟုလည်းဆိုနိုင်သည်။
ယနေ့လည်းငြိမ်းချမ်းမေနှင့်သူ၏မောင်လေး
သည်တောထဲ၌ဆေးမြစ်များသွားတူး၍
ပြန်လာချိန်ဖြစ်သည်။
ငြိမ်းချမ်းမေ၏ဦးလေး...'ဦးလေးအောင်'
သည်လည်းရှိသည့်တူမတစ်ဦးမှာအားကိုး
ရလေသည်။သူတို့မောင်နှမ၏တာဝန်မှာလည်းဆေးရွက်ခူးရန်နှင့်ဆေးမြစ်များ
တူးရန်ဖြစ်သည်..မောင်ဖြစ်သူကတော့
ဆေးကြိတ်ရာတွင်တာဝန်ယူရလေသည်။
'မမ..ဟိုရှေ့မှာဘယ်သူလဲမသိဘူး..လူ
တစ်ယောက်လဲနေတယ်'
ငြိမ်းချမ်းမေတစ်ယောက်လဲနေသူ၏
အနားသွားကြည့်သည်။
စစ်ဝတ်စုံကိုဝတ်ထားပြီးလက်မောင်းတွင်
ဂျပန်နိုင်ငံအလံတံဆိပ်ကိုတွေ့သည်မို့..
'သူက..ဂျပန်စစ်သားပဲ..'
လဲနေသူမိန်းကလေးအားကြည့်ရင်း
ဖြေလိုက်သည်။
'သူ့ဗိုက်မှာဓားဒဏ်ရာနဲ့..'
မောင်ဖြစ်သူကားတစ်ခုခုကိုစဉ်းစားနေဟန်
'ငါတို့သူ့ကိုကယ်ကြမယ်..'
'ဟာ..မမကလဲ..ဂျပန်တွေကျွန်တော်တို့ရွာကို
ဘယ်တော့ဝင်လာကြမလဲတွေးပူနေကြတာ
ပြသနာမရှာပါနဲ့..'
'ဟဲ့..လူ့အသက်တစ်ချောင်းကယ်ကောင်းပါ
တယ်..ဆေးရွက်သာမြန်မြန်ထုတ်..'
ပြောရင်းလွယ်အိတ်ကိုမောင်ဖြစ်သူဆီပစ်ပေးလိုက်သည်။
'ပြသနာတက်လာရင်မမရှင်းနော်..
ဒီဇာတ်လမ်းမမစတာ..'
'အေးပါ..'
ငြိမ်းချမ်းမေခပ်ပြတ်ပြတ်ပြန်ပြောကာ
ဆေးရွက်များကိုလှမ်းယူလိုက်သည်။
ပြီးတော့လက်နှစ်ဖက်ဖြင့်ဆုတ်ချေကာ
'ထွဠ်ရန်နိုင်'သည်သူ့အစ်မအားကြည့်ရင်း
သက်ပြင်းချသည်။
ဂျပန်တို့သည်မြို့ပေါ်တွင်သောင်းကျန်း
နေသကဲ့သို့..ရွာများတွင်လည်းနေအိမ်များ
ကိုဖျက်ဆီးခြင်း..စသည်ဖြင့်အကြမ်းဖက်မှု
များကိုကျူးလွန်နေကြချိန်ဖြစ်သည်။
ဦးလေးအောင်လက်မခံဖို့များမည်ဟုသူ
ထင်သည်။ဂျပန်ဆိုရွာသားတွေကနာမည်မကြားချင်လောက်အောင်မုန်းနေကြချိန်..
အစ်မဖြစ်သူကပြသနာမီးထွန်းရှာမည့်
အဖြစ်မျိုးကြုံနေရသည်။
'ကဲ..သွားမယ်..ငါတို့ဒီနေ့နည်းနည်း
နောက်ကျလိမ့်မယ်'
'ဒါနဲ့ဦးလေးကလက်ခံပါ့မလား...
သူ့ကိုအိမ်ခေါ်လာရင်..'
'နင်ဘာမှပူမနေနဲ့..ငထွဠ်..ငါရှင်းမယ်..
ဒါငါနဲ့ပဲဆိုင်တဲ့အရာ..'
ပြောရင်းသူမ..ဂျပန်မိန်းကလေးကို
ကျောတွင်ပိုးလိုက်သည်..သူအသက်
ရှင်ဦးမည်ဟုသူမယုံကြည်သည်..
ဘာကြောင့်ရယ်တော့သူမသိ။

'ငါ့တူမနဲ့တူကြီး..ပြန်လာပြီလား'
ခြံထဲဝင်လိုက်သည်နှင့်ဆီးကာပြောလိုက်သောဦးလေးအောင်..
'နောက်မှာလဲလူတစ်ယောက်ပိုးလို့..လူနာ
လား..'
'ဟုတ်တယ်..လမ်းမှာလဲနေတာတွေ့လို့..'
'ကဲ..လာ..စကားနောက်မှပြောရအောင်..
ခုအရေးကြီးတာလူနာရဲ့အသက်..'
'အင်း..'
ဦးလေးအောင်ကလူနာအားဆေးကုရန်
နေရာယူလိုက်သည်။




KaozuWhere stories live. Discover now